ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၇ 


ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ  ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊   နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး    ထွန်းထွန်း နောင်၊      ဒုတိယဥက္ကဋ္ဌ   (၁) အပြည်ပြည်ဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးကိုကို လှိုင်၊    ဒုတိယဥက္ကဋ္ဌ   (၂)    လူမှု ဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန         ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား  ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် ICJ ဆိုင်ရာ ကိစ္စရပ်များ၊     ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ     ပြန်လည် လက်ခံ  နေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှု    အခြေအနေ များ၊    ပြည်တွင်းနေရပ်စွန့်ခွာသူ များ    မူလနေရပ်သို့    ပြန်လည် နေရာချထားရေးနှင့်   ယာယီစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ  ကိစ္စရပ် များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးနှင့်   စပ်လျဉ်းသည့်   ကိစ္စရပ် များအား    ကွင်းဆင်းစစ်ဆေးရန် ဖေဖော်ဝါရီ ၅ ရက်   နံနက်ပိုင်းတွင် စစ်တွေမြို့သို့  လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။ 

 


လေ့လာကြည့်ရှု


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးများနှင့်   ပြည်နယ်ဝန်ကြီး ချုပ်တို့သည်    မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ   ပူးပေါင်း၍    အကောင် အထည်ဖော်   ဆောင်ရွက်လျက်ရှိ သည့်   စစ်တွေမြို့     ကုလားတန် ဘက်စုံသုံး   သယ်ယူပို့ဆောင်ရေး စီမံကိန်းရုံးသို့     သွားရောက်၍ စီမံကိန်း    အကောင်အထည်ဖော် ဆောင်ရွက်မှု  အခြေအနေများကို သွားရောက်  ကြည့်ရှုလေ့လာကြ ရာ   (အပေါ်ပုံ)   စီမံကိန်းတာဝန်ခံ မြန်မာ့ဆိပ်ကမ်း   အာဏာပိုင်   ပြည်နယ်ဦးစီးမှူး     ဦးနေဦးက      စစ်တွေဆိပ်ကမ်းတွင်     သောင် တူးခြင်းလုပ်ငန်းများ     ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့်     စီမံကိန်း လုပ်ငန်းများ    အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေ၊          စစ်တွေမြို့မှ      ပလက်ဝမြို့အထိ ရေကြောင်းခရီးဖြင့် လည်းကောင်း၊  ပလက်ဝမှ   အိန္ဒိယနိုင်ငံ  မီဇိုရမ် ပြည်နယ်သို့    ကုန်းလမ်းခရီးဖြင့် လည်းကောင်း၊      ကုန်ပစ္စည်းများ       ပို့ဆောင်နိုင်ရေး   စီမံဆောင်ရွက် လျက်ရှိသည့်    အခြေအနေနှင့်        ပလက်ဝဆိပ်ကမ်း   တည်ဆောက် ပြီးစီးမှုအခြေအနေ၊ စီမံကိန်းပြီးစီး ပါက နှစ်နိုင်ငံ ကုန်သွယ်မှုများစွာ         တိုးတက်    ကောင်းမွန်လာမည့် အခြေအနေများကို          ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး များက       သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းပြီး    စီမံကိန်း ဧရိယာနှင့်    ဆိပ်ခံတံတားတို့ကို  လေ့လာကြည့်ရှုကြသည်။

 


 ညှိနှိုင်းဆွေးနွေး


မွန်းလွဲပိုင်းတွင် အပြည်ပြည် ဆိုင်ရာ တရားရုံး (International Court of Justice – ICJ) ၌ တရား ရင်ဆိုင်ခြင်းဆိုင်ရာ     ဦးဆောင် ကော်မတီ  ဒုတိယဥက္ကဋ္ဌ၊ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး        ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စု       ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်    တို့သည် ရခိုင်ပြည်နယ်     အစိုးရအဖွဲ့ ဧည့်ဂေဟာ  အစည်းအဝေးခန်းမ၌ ICJ ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း သည့်    ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပြီး    ICJ    တွင် ဂမ်ဘီယာနိုင်ငံက    မြန်မာနိုင်ငံ အပေါ်  စွပ်စွဲထားရှိသည့် အချက် များအား   ချေပလွှာ    (Counter Memorial)        တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှု       အခြေအနေ ဆက်လက်ဆောင်ရွက်မည့်   အစီ အမံများကို    ဝိုင်းဝန်းသုံးသပ် ပေါင်းစပ်ညှိနှိုင်း          ဆွေးနွေးကြ သည်။

 


ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်     တို့သည် စစ်တွေမြို့    ဝေသာလီအားကစား ကွင်း၌  ကျင်းပပြုလုပ်သည့် (၇၆) နှစ်မြောက်    ပြည်ထောင်စုနေ့ အကြို    ရခိုင်ပြည်နယ်    MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲ ဖွင့်ပွဲ အခမ်းအနားသို့       တက်ရောက် ဖွင့်လှစ်ပေးကြပြီး ပြပွဲ၌ ခင်းကျင်း ပြသလျက်ရှိသည့် ဒေသထွက်ကုန် ပစ္စည်း   အရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှု    အားပေးကာ ဒေသတွင်း      လူမှုစီးပွား     ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ပံ့ပိုးပေးနိုင် မည့်ကိစ္စရပ်များကို     လုပ်ငန်းရှင် များနှင့်   ရင်းရင်းနှီးနှီး    တွေ့ဆုံ မေးမြန်းဆွေးနွေး၍ ဖွင့်ပွဲ၌ ရခိုင် ရိုးရာ အကအလှများဖြင့်  ဖျော်ဖြေ ခဲ့ကြသည့်       စစ်တွေတက္ကသိုလ်မှ ကျောင်းသား      ကျောင်းသူများ အား       ပြည်ထောင်စုဝန်ကြီး   များက       ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးများနှင့်  ပြည်နယ်ဝန်ကြီး ချုပ်တို့သည် စစ်တွေမြို့  အမှတ် (၄)    အခြေခံပညာအထက်တန်း ကျောင်းသို့      ရောက်ရှိကြပြီး အသက် ၅ နှစ်မှ  ၁၂  နှစ်အကြား ကျောင်းသား  ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် ၁၂ နှစ်အထက် ထပ်ဆောင်း     ကာကွယ်ဆေး ထိုးပေးနေမှု   အခြေအနေများကို ကြည့်ရှုအားပေး၍  ကျောင်းသား ကျောင်းသူများအား  ကျောင်းသုံး စာရေးကိရိယာ၊           ဖြည့်စွက် အာဟာရနှင့် မုန့်များ  ပေးအပ်ကြ ပြီး     ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ  ဆရာမများ၊ ကျောင်းသား မိဘများကို        ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လိုအပ်သည်များကို ပံ့ပိုးပေးသည်။ 

 


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးများနှင့်   ပြည်နယ်ဝန်ကြီး ချုပ်တို့သည်        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊   လူမှု ဝန်ထမ်းဦးစီးဌာနက  ဖွင့်လှစ်ထား ရှိသည့်   စစ်တွေမြို့  အိမ်တွင်းမှု သက်မွေးလုပ်ငန်း  ပညာသင်တန်း ကျောင်းသို့           ရောက်ရှိကြပြီး သင်တန်းကျောင်းတွင်  အခြေခံ နှင့်အဆင့်မြင့်   စက်ချုပ်အတတ် ပညာဖြင့်    လူမှုဘဝရပ်တည်နိုင် ရေးအတွက်   တက်ရောက်သင် ကြားလျက်ရှိသည့် တိုင်းရင်းသား နှင့်     ဘင်္ဂါလီသင်တန်းသူများကို ရင်းရင်းနှီးနှီး    တွေ့ဆုံအားပေး စကားပြောကြားကာ     ချီးမြှင့်ငွေ များ ပေးအပ်သည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးများနှင့်  ပြည်နယ်ဝန်ကြီး ချုပ်တို့သည်  ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဧည့်ရိပ်သာ    အစည်းအဝေး ခန်းမ၌    ICJ   ဆိုင်ရာကိစ္စများ နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ် သည့် အစည်းအဝေးကို  ကျင်းပ ပြုလုပ်ကြပြီး လုပ်ငန်းဆောင်ရွက် ချက်များအပေါ် အသေးစိတ်ညှိနှိုင်း ဆွေးနွေးကာ   ဆက်လက်ဆောင် ရွက်မည့်   အစီအမံများကို တာဝန် ရှိသူများအား   ရှင်းလင်းမှာကြား ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်