
နေပြည်တော် စက်တင်ဘာ ၈
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဥက္ကဋ္ဌ (၃) ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် လုပ်ငန်း ကော်မတီ လေးရပ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းကော်မတီ၊ ဒေသ တွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းကော်မတီ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ကော်မတီနှင့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး နှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ - တရုတ် - ဘင်္ဂလားဒေ့ရှ် သံအမတ် ကြီး/ ညွှန်ကြားရေးမှူးချုပ်အဆင့် သုံးပွင့်ဆိုင် အလွတ်သဘော ဆွေးနွေးပွဲဆိုင်ရာများ ကြိုတင် ညှိနှိုင်းခြင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များက ကဏ္ဍ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြခဲ့ကြပြီး ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက တင်ပြချက် များနှင့်စပ်လျဉ်း၍ ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်