ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

 

နေပြည်တော်   စက်တင်ဘာ    ၂၂ 


အမျိုးသား         သဘာဝဘေး အန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှု ကော်မတီ၏    လမ်းညွှန်မှုအရ    ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ၏  စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့  ကူညီကယ်ဆယ် ရေးပစ္စည်းများကို     ရေယာဉ်၊   လေယာဉ်၊   မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။


ထိုသို့   ပို့ဆောင်ပေးလျက်ရှိ ရာ MV Royal Venus   ရေယာဉ် သည်     ကာကွယ်ရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာလိုင်စင်ရ  ကန်ထရိုက်တာ များ    အများနှင့်သက်ဆိုင်သော ကုမ္ပဏီတို့မှ ပေးပို့သည့် ၉ မီတာ ကွန်ကရစ်မီးတိုင် အလုံး ၇၀၀၊ ဘိလပ်မြေတန်  ၁၀၀၀ ၊ သံချောင်း  ၁၅၄၃ ဒသမ ၁၆ တန်၊ လုပ်ငန်း သုံးယာဉ်ခြောက်စီး၊ ဆောက်လုပ် ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေး  ပစ္စည်း စုစုပေါင်း တန်ချိန် ၃၂၉၃ ဒသမ ၃၁ တန်တင်ဆောင်၍   ယမန်နေ့   ညပိုင်းကလည်းကောင်း၊     MV Charity ရေယာဉ်သည်  ကာကွယ် ရေးဝန်ကြီးဌာန၊     လူမှုဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့်    ရုရှား နိုင်ငံတို့မှ ပေးပို့သည့် ဆန်၂၄ ပြည် အိတ် ၄၂၁၁၉ အိတ်၊ သံချောင်း ၆၃၃ ဒသမ ၀၁  တန်၊ လုပ်ငန်းသုံး ယာဉ်ခြောက်စီးနှင့်     မီးစက် တစ်လုံး စုစုပေါင်းတန်ချိန်  ၂၇၆၉ ဒသမ ၅၁  တန်  တင်ဆောင်၍ ယနေ့ နံနက်ပိုင်းက လည်းကောင်း   The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ    စစ်တွေမြို့သို့  ထွက်ခွာသွားကြောင်း သိရသည်။


ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မေ ၁၆ ရက်မှစ၍   ယနေ့အထိ တပ်မတော်     စစ်ရေယာဉ်များ အပါအဝင်   ရေယာဉ်   ၃၆     စီး ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊     ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစု ပေါင်း     ၅၀၃၃၂ ဒသမ ၉၃   တန် နှင့်   ဒီဇယ်  ၂၄၉၇၆၂   ဂါလန်၊ Octane 92  ၁၉၉၈၈၆    ဂါလန် ပို့ဆောင်ပေးခဲ့ပြီး    ဖြစ်ကြောင်း သိရသည်။                

သတင်းစဉ်