ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

 

နေပြည်တော်    ဇွန်   ၂၈ 


အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ     စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ    ပို့ဆောင်ဆက် သွယ်ရေးလုပ်ငန်း   ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့်     ရခိုင်ပြည် နယ်သို့     ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ပို့ဆောင်ပေးလျက် ရှိသည်။

 


ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ  MV. FORTUNE   ရေယာဉ်သည် ကာကွယ်ရေး      ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊  ဆောက်လုပ်ရေး    ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊     မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့်    ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့မှ    ပေးပို့ သည့်   သွပ်   ၁၆၅၆၇၄    ချပ်၊ ခေါင်အုပ်သွပ်   ၁၃၂  ဒသမ   ၇၇ တန်၊ အမိုးဒိုင်း (Lip Channel) တန် ၁၅၀၊ ထရန်စဖော်မာ နှစ်လုံး၊ သစ်ခွဲသား  တန်  ၁၅၀၊  ဆန်အိတ် ၁၀၀၊ ရေသန့်ကတ် ၁၀၀၃၀ နှင့် ပျိုးပင်  ၁၄၀၀၂  ပင်    စုစုပေါင်း  ၁၅၆၂ ဒသမ ၅၈ တန် တင်ဆောင် ၍    ယနေ့နံနက်ပိုင်းတွင်    The Myanmar    Terminal    (TMT) ဆိပ်ခံတံတားမှ     စစ်တွေမြို့သို့ ထွက်ခွာသွားသည်။

 


ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မေ  ၁၆  ရက်မှစ၍   ယနေ့အထိ တပ်မတော်         စစ်ရေယာဉ်များ အပါအဝင် ရေယာဉ် ၁၈ စင်းဖြင့် ဆောက်လုပ်ရေးသုံး       ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊     ကျန်းမာရေး ပစ္စည်း၊ လူသုံးကုန်နှင့် စားသောက် ကုန်များ     ပါဝင်သော     ကူညီ ကယ်ဆယ်ရေးပစ္စည်း    စုစုပေါင်း ၂၆၉၀၀  ဒသမ  ၆၄  တန်နှင့် ဒီဇယ် ၂၄၉၇၆၂  ဂါလန်၊ Octane 92     ၁၉၉၈၈၆     ဂါလန်တို့ကို ပို့ဆောင်ပေးခဲ့ကြောင်း      သိရ သည်။                      

 သတင်းစဉ်