စစ်တွေ မေ ၂၈
ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက မိုးဦးရာသီဖြစ်၍ သဘာဝဘေးနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု များ စီမံခန့်ခွဲမှုများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ခဲ့သော အခြေအနေ များကို သင်ခန်းစာဖော်ထုတ်ပြီး ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် မေ ၁၄ ရက်က တိုက်ခတ် ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု ကို မှတ်တမ်းပြုစုထားမှုအား အပြီးသတ်ဆောင်ရွက်ရေးအတွက် ဦးစီးကော်မတီနှင့် သက်ဆိုင်ရာ ကော်မတီများအနေဖြင့်လည်း မိမိ တို့ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ အား စဉ်ဆက်မပြတ် ဆောင်ရွက် နေသည်ဟု သိရှိရကြောင်း၊ ကော်မတီအလိုက် ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြပေးကြရန်နှင့် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ဆိုင်ကလုန်း မုန်တိုင်း မိုခါနှင့် ပတ်သက်၍ မှတ်တမ်းပြုစုရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် အတွင်းရေးမှူး ပြည်နယ် ဥပဒေချုပ်တို့က မှတ်တမ်းစာအုပ် ထုတ်ဝေနိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အမံများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မှတ်တမ်းပြုစု ရေးလုပ်ငန်းကော်မတီ အတွင်း ရေးမှူးများက မိမိတို့ကော်မတီ အလိုက် မှတ်တမ်းများပြုစုထားရှိ မှုများ၊ ဆက်လက်ဆောင်ရွက်ရ မည့်အစီအမံများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပေးပြီး တက် ရောက်လာကြသူများက အကြံပြု ဆွေးနွေးတင်ပြကြသည်။
တင်ထွန်း(ပြန်/ဆက်)