
နေပြည်တော် ဇန်နဝါရီ ၄
အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက် သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သို့ ပြန်လည်ထူထောင်ရေးပစ္စည်း များကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိရာ MV Moon Light ရေယာဉ်သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံ အမျိုးသမီးများနှင့် ကလေး သူငယ်များဘဝ မြှင့်တင်ရေးအသင်း တို့မှပေးပို့သည့် ပြန်လည်ထူထောင် ရေးပစ္စည်းများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မှာယူသည့် လမ်းမီး တိုင်၊ မီးလုံး၊ ဓာတ်အားလိုင်းကြိုး နှင့် ဆက်စပ်ပစ္စည်းများ၊ ဆန်၊ စားအုန်းဆီနှင့် စားသောက်ကုန် များ၊ ကျန်းမာရေးသုံးပစ္စည်းများ နှင့် ဆေးဝါးများ စုစုပေါင်း ၂၀၇၄ ဒသမ ၇၅ တန် တင်ဆောင်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီ မိနစ် ၅၀ တွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
သတင်းစဉ်