
နေပြည်တော် ဩဂုတ် ၂၉
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ အလယ်ဖရုံကာ ကျွန်းရှိ ဆင်တက်မော်အုပ်စု ဆင်တက်မော်ကျေးရွာ IDPs စခန်းနှင့် ဆင်တက်မော်အုပ်စု အနောက်ရဲ IDPs စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက် ၄၅ နှစ်အထက်နှင့် ၆၅ နှစ်အထက် သက်ကြီးရွယ်အို များအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက် ၁၀ နာရီက စတင်ထိုးနှံပေးသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံ ခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေး ကြပြီး ကာကွယ်ဆေးထိုးပေးကြသည်။ ကာကွယ် ဆေးထိုးနှံရာ၌ ဆင်တက်မော် IDPs စခန်းတွင် ဆေးလာရောက်ထိုးနှံသူ အမျိုးသား ၁၈၃ ဦး၊ အမျိုးသမီး ၂၁၅ ဦး စုစုပေါင်း ၃၉၈ ဦးနှင့် အနောက်ရဲ IDPs စခန်းတွင် အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၉၅ ဦး စုစုပေါင်း ၁၈၄ ဦး IDPs စခန်း နှစ်ခု စုစုပေါင်း ၅၈၃ ဦး လာရောက်ထိုးနှံကြသည်ကို သိရသည်။
အဆိုပါ IDPs စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင် များ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။ ပေါက်တောမြို့နယ်၌ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ကြိမ်နီပြင် IDPs စခန်း၊ ငှက်ချောင်း(၁) IDPs စခန်း၊ ငှက်ချောင်း (၂) IDPs စခန်း ငါးနေရာအနက် ဆင်တက်မော် IDPs စခန်းနှင့် အနောက် ရဲ IDPs စခန်းတို့တွင် ထိုးနှံပေး ခဲ့ပြီး ကျန်ရှိ IDPs စခန်း သုံးနေရာများသို့ သွားရောက် ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ကျော်သန်း(မြို့နယ်ပြန်/ဆက်)