ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေး

 

 

နေပြည်တော် ဇန်နဝါရီ ၂၃

 

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်း ဟွာနှင့် တာဝန်ရှိသူများ တက်ရောက် သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင် ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ကိုရီးယား သမ္မတနိုင်ငံအစိုးရ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (KOICA) တို့ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိရာ ထိုပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက် ရှိသော လူမှုသဟဇာတဖြစ်ရေး၊ အခြေခံလူ့အခွင့်အရေးများ ရရှိရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ မကြာသေးမီက ကိုရီးယားသမ္မတ နိုင်ငံ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)မှတစ်ဆင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် လူသုံးကုန်ပစ္စည်း များကို ထောက်ပံ့ပေးအပ်ခဲ့မှုများနှင့် အဆိုပါပစ္စည်းများကို ရခိုင်ပြည်နယ် အစိုးရမှတစ်ဆင့် သက်ဆိုင်သူများ ထံသို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက် နေမှုများ၊ ဆက်လက်ပူးပေါင်းကူညီ မည့်ကိစ္စရပ်များကို ဆွေးနွေးကြ သည်။

KOICA အနေဖြင့်လည်း အခြား မဲခေါင်ဒေသနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများတွင် မိုင်း အန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အကူအညီများ မြောက် မြားစွာ ပေးအပ်လျက်ရှိရာ မြန်မာ နိုင်ငံတွင်လည်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေး၊ ကိုရီးယား သမ္မတနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC) စသည့် နိုင်ငံ တကာအဖွဲ့အစည်းများမှ တစ်ဆင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေမှုများနှင့် ပိုမိုပူးပေါင်း ကူညီရန်အစီအစဉ်များ၊ ရခိုင်ပြည်နယ် အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အထောက်အကူ ဖြစ်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ AHA Centre နှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင် ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာကို ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ထိုအစီရင် ခံစာပါလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် အာဆီယံ- ကိုရီးယား ရန်ပုံငွေမှတစ်ဆင့် FM ရေဒီယိုများ ဖြန့်ဝေပေးခြင်းဆိုင်ရာ စီမံချက်တစ်ခု ကို ငွေကြေးထောက်ပံ့ပေးမှုအခြေ အနေများ၊ ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးနှင့်လူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးမှတစ်ဆင့် လူမှုသဟ ဇာတ မျှတရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယား သမ္မတနိုင်ငံနှင့် ကိုရီးယားအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA တို့နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်