ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အနုပညာရှင်များ စုပေါင်းအားဖြင့် ရန်ပုံငွေအလှူငွေများ ပေးအပ်၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စိတ်ခွန်အားဖြည့်စွမ်းပေး

 

စစ်တွေ    ဇွန်   ၂၈
ရခိုင်ပြည်နယ်    မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတို့အတွက်  အနုပညာရှင်များ  စုပေါင်းအားဖြင့်  ရန်ပုံငွေ အလှူပေးအပ်ပွဲနှင့်  တေးဂီတဖျော်ဖြေပွဲကို  ယနေ့နံနက်ပိုင်းက  စစ်တွေမြို့၌  စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင်များနှင့်  မြန်မာ့လက်ရွေးစင်     ဘောလုံးသမားဟောင်းများ သည် စစ်တွေမြို့လေဆိပ်သို့ နံနက် ၉ နာရီ ၄၅ မိနစ် တွင်ရောက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန် ရှိသူများက ကြိုဆိုကြသည်။ 
 ထို့နောက် ခိုင်သဇင်ပန်းခြံ မြို့နယ်ခန်းမ၌ မိုခါ မုန်တိုင်းဒဏ်သင့်ဒေသတို့တွင် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့တွင်  ရှေ့တန်းမှ  ဆောင်ရွက်လျက်ရှိသည့်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အနုပညာ ရှင်များက မြန်မာသံစဉ်နှင့် ခေတ်ပေါ်တေးဂီတတို့ ဖြင့် ဖျော်ဖြေရာ ပရိသတ် ၁၆၀၀ ကျော်တို့က အားပါး တရ ကြည့်ရှုအားပေးကြသည်။
ယင်းနောက်     အနုပညာရှင်များအဖွဲ့သည် စစ်တွေဟိုတယ်၌   မိုခါမုန်တိုင်းဒဏ်သင့်   ပြည်သူ များအတွက်  ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင် များနှင့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း များက အလှူငွေများ လှူဒါန်းကြရာ သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးထံသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး  ဥက္ကဋ္ဌ   ဦးကြည်စိုးထွန်း၊   ဂီတအစည်းအရုံးဥက္ကဋ္ဌ  ဦးလွင်မြင့်၊    သဘင်အစည်းအရုံး (ဗဟို)   နာယက ဦးချမ်းသာတို့က ငွေကျပ်  ၁၃၂၂  သိန်းကို  လည်း ကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း ထံသို့ မိုခါရန်ပုံငွေဘောလုံးပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းဦး၊ မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်း   ဦးမျိုးလှိုင်ဝင်း၊   မိုးယံဇွန်၊    အစ္စဏီ၊ နက္ခတ်တို့က ငွေကျပ်သိန်း ၇၅၀ ကိုလည်းကောင်း၊ သိန်း ၄၀၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းကြပြီး ရခိုင်ပြည်နယ် ဥပဒေချုပ်   ဦးလှသိန်း  က   ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍   ရခိုင်ပြည်နယ်   ဝန်ကြီးချုပ် ဦးထိန်လင်း က  ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မုဒိတာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင်      အနုပညာရှင်များအဖွဲ့သည် စစ်တွေမြို့ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက် တွင်    မြို့ခံပြည်သူများနှင့်   ကူညီကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ      ဆောင် ရွက်နေကြသည့်  မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဝင်များအား  ဖျော်ဖြေရေးအစီအစဉ်များဖြင့်      ဖျော်ဖြေကြရာ ပြည်သူများ စိတ်ခွန်အား လန်းဆန်းတက်ကြွစွာဖြင့် သောင်းသောင်းဖြဖြ ကြည့်ရှုအားပေးကြသည်။ 
ဆက်လက်၍      အနုပညာရှင်များအဖွဲ့သည် စစ်တွေမြို့  အုန်းတစ်ပင်ရပ်ကွက်၊  ဦးအောင်ဇံဝေ လမ်း၌ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူ ၂၀၀၀ ခန့်အား စားသောက်ကုန်ပစ္စည်းများကို လက်ရောက်လှူဒါန်း ကြရာ (အပေါ်ပုံ) ပြည်သူချစ်သော အနုပညာရှင်များ ကို တွေ့မြင်ရသည့်   ဒေသခံတို့သည် မောပန်းမှုများ ပြေပျောက်ကာ စိတ်ခွန်အားများ ရရှိခဲ့ကြသည်။
ပြည်သူချစ်သော      အနုပညာရှင်များသည် ကျေးဇူးရှင် ပြည်သူပရိသတ်တို့၏ အားပေးမှုအပေါ် တုံ့ပြန်သောအားဖြင့် ပြည်သူများ ဘေးဒုက္ခကြုံတွေ့ရ ချိန်တိုင်း အားပေးကူညီထောက်ပံ့မှု၊  လှူဒါန်းမှုနှင့် ဖျော်ဖြေမှုများဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိစေရန် ဝိုင်းဝန်းဆောင်ရွက် ပေးခဲ့ကြသည့်နည်းတူ ယခုမိုခါမုန်တိုင်းအန္တရာယ် ကြုံတွေ့ပြီး ထိခိုက်ခံစားကြရသည့် ရခိုင်ပြည်နယ်မှ  ပြည်သူများအတွက်လည်း အားပေးကူညီ ထောက်ပံ့ လှူဒါန်းမှုနှင့် ဖျော်ဖြေမှုများကို စေတနာအလျောက် စိတ်အားထက်သန်စွာ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးမှုကြောင့် ယင်းဒေသရှိ မိဘပြည်သူများအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် နေ့စဉ် ရက်ဆက်     ပါဝင်ဆောင်ရွက်      ပေးနေကြသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် နှင့်    ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊    အခြားဆက်စပ် ဝန်ထမ်းများလည်း ဖျော်ဖြေရေး အစီအစဉ်များတွင် ပျော်ရွှင်စွာ ပါဝင်သီဆိုကခုန်ကြပြီး စိတ်ခွန်အားသစ် များ  ရရှိကြသဖြင့်  ထိရောက်မှုရှိသော အစီအစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။
 ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူ များအတွက်  အလှူငွေထောက်ပံ့မှုနှင့် ဖျော်ဖြေရေး အစီအစဉ်များ ကူညီအားဖြည့်ခဲ့ကြသည့် အနုပညာ ရှင်များအဖွဲ့သည် ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့    လေကြောင်းခရီးဖြင့်     ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်