ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းက ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ဟု သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်    ဇန်နဝါရီ    ၂     
ရခိုင်ပြည်နယ်   မြောက်ဦးမြို့ရှိ ရဲတပ်ရင်းက   ဇန်နဝါရီ ၁ ရက် ညပိုင်းတွင်     လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွှေဂူတောင်ရွာရှိ    နေအိမ်တစ်အိမ်သို့   ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ  ငါးဦး ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းတု၊ သတင်းအမှား  များကို   တရားမဝင်ပြည်ဖျက် မီဒီယာ DVB က  မဟုတ်မမှန်   ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ  ရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍  သက်ဆိုင်ရာနယ်မြေမှ လုံခြုံ ရေး      တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ      ဇန်နဝါရီ   ၁  ရက်တွင် AA လက်နက်ကိုင် သောင်းကျန်းသူများက  အဝေးမှ နေ၍     လက်နက်ကြီးများဖြင့်  ရမ်းသန်း     ပစ်ခတ်မှုကြောင့်  ရွှေဂူတောင်   ကျေးရွာအတွင်း   ကျရောက်ပေါက်ကွဲခဲ့ပြီး   ထိခိုက် ဒဏ်ရာရရှိမှုများရှိကြောင်း   သိရှိရ ကာ       မြောက်ဦးရဲတပ်ရင်းမှ    လက်နက်ကြီး       ပစ်ခတ်မှုမရှိ ကြောင်း သိရှိရသည်။
အလားတူ    ရှမ်းပြည်နယ် မြောက်ပိုင်း   သိန္နီမြို့   တရုတ် ကျေးရွာအတွင်းသို့   ဇန်နဝါရီ  ၁ ရက်က အကြမ်းဖက်သောင်းကျန်း သူများကပစ်ခတ်သည့် လက်နက် ကြီးကျည်     ကျရောက်ပေါက်ကွဲ ခဲ့ကာ  အရပ်သားသုံးဦး   ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လက်နက်ကိုင်    သောင်းကျန်း သူများအနေဖြင့်       ကျေးရွာ၊     ရပ်ကွက်    လူနေအိမ်များအတွင်းမှ ချောင်းမြောင်း    တိုက်ခိုက်ခြင်း၊ လူနေအိမ်များ      မီးရှို့ခြင်းနှင့်   ကျေးရွာများအတွင်းသို့ လက်နက် ကြီးဖြင့်     ပစ်ခတ်ခြင်းများကို ပြုလုပ်၍    အကြမ်းဖက်အားပေး မီဒီယာများမှတစ်ဆင့် တပ်မတော်  မှ   လုပ်ဆောင်သည်ဟု    လုပ်ကြံ ရေးသားဖြန့်ဝေ၍     ၎င်းတို့၏ အကြမ်းဖက်    လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ဒေသခံတိုင်းရင်း သားပြည်သူများက     တပ်မတော် သားများအပေါ်     အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန်သတင်း များ  ရေးသားဖြန့်ဝေနေခြင်းဖြစ် ကြောင်း သတင်းရရှိသည်။                            
သတင်းစဉ်