ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

 

နေပြည်တော်   ဇွန်   ၁၆
ဆိုင်ကလုန်းမုန်တိုင်း     မိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်      စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၏   စားသောက်ရေးအဆင်ပြေ စေရန်နှင့်   မိမိတို့   အလိုရှိရာ စားသောက်ကုန်   ပစ္စည်းများကို   ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေး   အတွက် အနောက်ပိုင်းတိုင်း   စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက     နေ့စဉ် ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင်လည်း စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက် များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့်    တပ်မတော်စက်ရုံများနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲ ခြောက်၊ ဘီစကစ်နှင့် စည်သွတ် ဘူးများဖြစ်သည့်   အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သား အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊  ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊   ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး   စသည့် စားသောက်ကုန်များ၊  ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ စားကုန်ပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းများနှင့်  အိမ် ဆောက်ပစ္စည်းများကို ပြင်ပပေါက် ဈေးထက်သက်သာသော ဈေးနှုန်း များဖြင့်    ဆက်လက်ရောင်းချပေးခဲ့ ရာ ဒေသခံပြည်သူများနှင့်ဌာနဆိုင် ရာ ဝန်ထမ်းမိသားစုများက တစ်ခဲ နက်ဝယ်ယူ အားပေးကြောင်းနှင့်  ယခုကဲ့သို့ စားရေးအခက်အခဲဖြစ် ပေါ်နေချိန်တွင်  သက်သာသော ဈေးနှုန်းများဖြင့်   ရောင်းချပေးမှု အပေါ်    တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။      သတင်းစဉ်