
နေပြည်တော် ဇွန် ၁၅
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၏ စားသောက်ရေး အဆင်ပြေ စေရန်နှင့် မိမိတို့ အလိုရှိရာ စားသောက်ကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေး အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများ နှင့် တာဝန်ရှိသူများက နေ့စဉ် ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင်လည်း စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက် များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် တပ်မတော် စက်ရုံများနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲ ခြောက်၊ ဘီစကစ်နှင့် စည်သွတ် ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သား အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက် သီးသနပ်ဘူး စသည့်စားသောက် ကုန်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ၏ စားကုန်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများနှင့် အိမ်ဆောက် ပစ္စည်းများကို ပြင်ပပေါက်ဈေး ထက် သက်သာသော ဈေးနှုန်းများ ဖြင့် ဆက်လက်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက တစ်ခဲ နက် ဝယ်ယူအားပေးကြောင်းနှင့် ယခုကဲ့သို့ စားရေးအခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှု အပေါ် တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်