ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

 

နေပြည်တော်  စက်တင်ဘာ  ၆
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက် ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့်     ဌာန ဆိုင်ရာ   ဝန်ထမ်းများ၏   စား သောက်ရေး  အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး အတွက်  အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်   နယ်မြေခံတပ်မတော် သားများနှင့်   တာဝန်ရှိသူများက  နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင်လည်း စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌    အခြေခံစား သောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူများကို   လည်းကောင်း၊ တပ်မတော်စက်ရုံများနှင့် မြန်မာ စီးပွားရေး  ကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့်     စည်သွတ်ဘူး များဖြစ်သည့်     အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊   ကြက်သား   အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊   ငါး သလောက်ဘူး၊    ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်  သီးသနပ်ဘူး စသည့်စားသောက် ကုန်များကိုလည်းကောင်း၊ မြန်မာ့ စီးပွားရေး    ဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် အရောင်းဆိုင်များ၏ စားသောက် ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း များနှင့် အိမ်ဆောက်ပစ္စည်းများကို လည်းကောင်း၊ ပြင်ပပေါက်ဈေး ထက် သက်သာသောဈေးနှုန်းများ ဖြင့် ဆက်လက်  ရောင်းချပေးရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ဝမ်းသာ အားရဝယ်ယူ အားပေးကြကြောင်း နှင့် ယခုကဲ့သို့ စားရေးအခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှု အပေါ် တာဝန်ရှိသူများအား အထူး ပင်ကျေးဇူးတင်ရှိကြောင်း သတင်း ရရှိသည်။                  သတင်းစဉ်