
ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၇၄၂ ရွာ ရှိသည့်အနက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ဓာတ်အားစနစ်၊ ဆိုလာစနစ်၊
ဒီဇယ်စနစ်စသည့် နည်းလမ်းများဖြင့် မီးရရှိပြီး ကျေးရွာပေါင်း ၂၂၄၆ ရွာဖြစ်သည့်အတွက် ၆၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး သုံးစွဲနိုင်ခဲ့ပြီ
နေပြည်တော် ဖေဖော်ဝါရီ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ရခိုင်ပြည်နယ် နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့သည် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်း တွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးစတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ဒုတိယပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဇော်မိုးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဝါဘိုကျေးရွာအား လျှပ်စစ် ဖြန့်ဖြူးပေးမည့် Transformer ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ကျေးရွာအတွင်း အိမ်တွင်းမှု ရက်ကန်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
၆၀ ရာခိုင်နှုန်းခန့်လျှပ်စစ်မီးသုံးစွဲနိုင်
ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၇၄၂ ရွာ ရှိသည့်အနက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ဓာတ်အားစနစ်၊ ဆိုလာစနစ်၊ ဒီဇယ်စနစ် စသည့် နည်းလမ်းများဖြင့် မီးရရှိပြီး ကျေးရွာပေါင်း ၂၂၄၆ ရွာဖြစ်သည့်အတွက် ၆၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး သုံးစွဲနိုင်ခဲ့ပြီးဖြစ်သည်။
ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် စစ်တွေ- ဝါဘို ချောင်းကူးတံတား အရှည်ပေ ၄၈၀ တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုကြရာ ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာန တည်ဆောက်ရေး(၂)၊ တံတား အထူးအဖွဲ့(၇)မှ တာဝန်ရှိသူများက တံတားတည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်