ရိုးရာလက်မှုနှင့် အထည်အလိပ်ကဏ္ဍ ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နိုင်

 

ရန်ကုန်   ဇူလိုင်   ၁၄


အာဆီယံ -ဂျပန်စင်တာ၏ ဖိတ်ကြားချက်အရ ရိုးရာလက်မှုပစ္စည်းနှင့် အထည်အလိပ်ကဏ္ဍတိုးတက်ရေး အတွက် အမှတ်တံဆိပ်မြှင့်တင်ခြင်းနှင့် ကုန်စည်ရောင်းဝယ်ဆိုင်ရာ အရည်အချင်းမြှင့်အလုပ်ရုံဆွေးနွေးပွဲ (Online workshop on Branding  and Merchandising for Traditional Craft and Textile Industry) ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကကြီးမှူး၍ ၂၀၂၂ ခုနှစ် ဩဂုတ်  ၉ ရက်မှ ၁၅ ရက်အထိ  ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင် တက်ရောက်နိုင်ကြောင်း သိရသည်။ 

 


စိတ်ပါဝင်စား တက်ရောက်လိုသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက် များကို ဇူလိုင် ၂၀ ရက် နောက်ဆုံးထား၍ ကုန်သည်/စက်မှုအသင်းချုပ်သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။                                     

ကိုရိုး