ရိုမေးနီးယားနိုင်ငံ၌ West Nile ဗိုင်းရပ်စ်ကူးစက်မှု ထပ်မံဖြစ်ပွား

 

ဘူခါရက်  ဩဂုတ်  ၃


ရိုမေးနီးယား     အမျိုးသားပြည်သူ့ ကျန်းမာရေးဌာနက   လွန်ခဲ့သည့် သီတင်းပတ်အတွင်း  West Nile ဗိုင်းရပ်စ်ကူးစက်မှု အသစ်ဖြစ်ပွား ကြောင်း      သောကြာနေ့တွင် အတည်ပြုပြောသည်။


ရိုမေးနီးယားနိုင်ငံ    အလယ် ပိုင်း မူးရက်စ်ဒေသမှ အသက် ၈၀ အရွယ်တစ်ဦးတွင်      နောက်ဆုံး ရောဂါ    ကူးစက်ဖြစ်ပွားကြောင်း အစီရင်ခံဖော်ပြထားသည်။ ဇွန်လ အစောပိုင်းတွင်        စောင့်ကြပ် ကြည့်ရှုမှု        စတင်ပြီးနောက်ပိုင်း   ပထမဆုံးအကြိမ်   West     Nile ဗိုင်းရပ်စ်     ကူးစက်မှုဖြစ်ပွားမှုကို ဇူလိုင် ၂၅ ရက်တွင် တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးအာဏာပိုင် များက အတည်ပြုပြောသည်။  


West Nile     ဗိုင်းရပ်စ်သည် အာရုံကြောရောဂါကို  ဖြစ်ပေါ်စေ တတ်ပြီး   အသက်ပင်    ဆုံးရှုံးနိုင် ကြောင်းနှင့်   လတ်တလောတွင် အဆိုပါရောဂါအတွက် သတ်မှတ် ထားသော          ကာကွယ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆေးဝါးကုသမှုများ     မရှိသေး ကြောင်း သိရသည်။ West Nile ဗိုင်းရပ်စ်သည်    အဓိကအားဖြင့် ရောဂါသယ်ဆောင်ထားသည့် ခြင် များ     ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။


၂၀၂၃ ခုနှစ်တွင် ရိုမေးနီးယား နိုင်ငံ၌ လူပေါင်း အမြောက်အမြား West Nile    ဗိုင်းရပ်စ်ကူးစက်ခံခဲ့ ရပြီး ရှစ်ဦးအတည်ပြု သေဆုံးခဲ့သည်။             

                                                                                        
ဆင်ဟွာ