
ရိဒ်ခေါဒါရ် ဇူလိုင် ၂၉
မိုးရေကိုသာအဓိက အားကိုးပြီး မိုးကောင်း လယ်မြေများဖြစ် သည့် အသည်းနှလုံး ပုံသဏ္ဌာန်ရှိ ရိဒ်ရေကန်အနီး လယ်မြေများကို မိုးဦးကာလ မိုးရွာသွန်းမှုနည်း ပါးခြင်းကြောင့် လယ်ထွန်ယက် ရာတွင် အခက်ကြုံနေရသော် လည်း ယခုအခါ မိုးရေရရှိလာပြီး လယ်စပါးများ စိုက်ပျိုးနိုင် ကြောင်း သိရသည်။
ရိဒ်ရေကန် ဘေးပတ်လည် လယ်ကွင်းများ ထွန်ယက်စိုက်ပျိုး မှုနှင့်ပတ်သက်ပြီး လယ်မြေ ပိုင်ရှင်တစ်ဦးဖြစ်သည့် တောင်သူ ဦးဆမိုအဲလ်လာက “ရိဒ်ရေကန် အနီးရှိ လယ်မြေတွေက မိုးကောင်း လယ်မြေတွေဖြစ် တယ်။ မိုးရေကိုသာအဓိက အားထားကာ အရင်နှစ်တွေမှာ ဆိုရင် မိုးရေရရှိ မှုကောင်းမွန် တဲ့အတွက် ဇူလိုင် ၅ ရက်လောက် ကစပြီး စပါးစိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုနှစ်မှာကျတော့ မိုးဦးကာလ မိုးရွာသွန်းမှု နည်းခြင်းကြောင့် လယ်ထွန်ယက်စိုက်ပျိုးရာမှာ အခက်ကြုံတွေ့နေရသော်လည်း ဇူလိုင် ၁၈ ရက် လောက်ကစပြီး မိုးရေရရှိလို့ ဇူလိုင်လနှောင်းပိုင်း မှာ လယ်စပါးတွေ စိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း စိုက်ပျိုး ပြီးခဲ့တဲ့ လယ်ကွက်အချို့မှာ ယနေ့အထိ မိုးရေလုံလောက်မှု မရှိတဲ့အတွက် ပြန်လည် ရေခန်းခြောက်တာတွေလည်းရှိ တယ်”ဟု ပြောသည်။
ရိဒ်ရေကန် ဘေးပတ်လည်၌ လယ်မြေ ၁၄၉ ဧကရှိပြီး ဒေသမျိုးစပါးများဖြစ်သည့် ဘုပီး၊ ဘုဗါးရ်မျိုးစပါးနှင့် ရွှေရင်အေး မျိုးစပါးများ အဓိကစိုက်ပျိုးထား ကြောင်း၊ နှစ်စဉ်စပါးအထွက်နှုန်း မှာ ပျမ်းမျှအားဖြင့် ၆၄ တင်းခန့် ရှိကြောင်း၊ ရိဒ်ရေကန်အနီးရှိ လယ်မြေများအား ရိဒ်ခေါဒါရ်မြို့ အမှတ်(၁) ရပ်ကွက်နေ ပြည်သူ များ၏ ဝမ်းစာရှာဖွေရေးအတွက် အဓိက အားထားရကြောင်း သိရသည်။
ပက်ကာ (ပြန်/ဆက်)