ရဟတ်ယာဉ်ပျက်ကျပြီးနောက် အီရန်ဝန်ကြီးတစ်ဦး ဦးနှောက်သွေးယိုစီးမှုဝေဒနာ ခံစားနေရ

 

တီဟီရန်   ဖေဖော်ဝါရီ    ၂၄


အီရန်အားကစားရေးရာဝန်ကြီး ဟာမစ် ဆာဂျာဒီသည်  ဖေဖော်ဝါရီ ၂၃ ရက်က ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် ဦးနှောက်သွေးယို စီးမှုဝေဒနာခံစားရပြီး    သတိလစ်သွားကြောင်း  တရားဝင်  သတင်း အေဂျင်စီ အိုင်အာအင်န်အေက ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖော်ပြသည်။

 


အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ဘစ်ဖ်မြို့၌ ဖြစ်ပွားသည့် ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဉ်တွင် ဆာဂျာဒီ၏ အကြီးတန်းအကြံပေးတစ်ဦး သေဆုံး ခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း ဒဏ်ရာရရှိသူ ၁၈ ဦး အနက် သုံးဦးကို ဆေးရုံမှ ဆင်းခွင့်ပြုထားပြီး ကျန်တစ်ဦးမှာ ပြန်လည် သက်သာလာပြီဖြစ်သည်။ 

 


အခင်းဖြစ်ပွားရသည့် အကြောင်းရင်းကို အီရန်လခြမ်းနီ အဖွဲ့အစည်း က စုံစမ်းစစ်ဆေးမှုများ  ပြုလုပ်သွားမည်ဖြစ်ကြောင်း    အီရန်မြို့ပြ လေကြောင်းအဖွဲ့ရုံးမှ    လုံခြုံရေးဆိုင်ရာ   စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲဖြစ်သူ ဟတ်ဆန် ရီဇအီဖာက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားသည်။                          

ဆင်ဟွာ