
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး (Early Childhood Care and Development - ECCD) လုပ်ငန်းများသည် ကျယ်ပြန့်နက်ရှိုင်းပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် နေ့ကလေးထိန်းကျောင်း များ၊ မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြုနှင့် အိမ်အခြေပြုလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာရေးနှစ် အလိုက် စီမံကိန်းများတွင် ထည့်သွင်းဆောင်ရွက် လျက်ရှိသော်လည်း ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအပါအဝင် ECCD လွှမ်းခြုံမှုသည် ၂၄ ဒသမ ၃၇ ရာခိုင်နှုန်းသာရှိသဖြင့် ရာခိုင်နှုန်းအားဖြင့်နည်းပါးကြောင်း၊ မူကြိုဆရာဖြစ်သင်တန်း များ တိုးချဲ့ဖွင့်လှစ်၍ မူကြိုဆရာမများ၊ ကလေးပြုစု စောင့်ရှောက်သူများနှင့် နည်းပြများကို ယခုထက် ပိုမို၍ သင်ကြားလေ့ကျင့် မွေးထုတ်ပေးရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ထောက်ပံ့ရေးလုပ်ငန်းစဉ်များ၊ ECCD ဆိုင်ရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ရေးဆွဲထားရှိမှုနှင့် မူကြိုဆရာမ၊ နေ့ကလေးထိန်း ဆရာမ အလုပ်အကိုင်များအတွက် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ (NSSA) အသိအမှတ်ပြု လက်မှတ်ရရှိရေး အတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်နှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များက ရှေ့လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းသုံးသပ် အကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး ရေး နည်းလမ်းများနှင့်အညီ ကလေးသူငယ်များ အားလုံး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်