ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) (၂) (၃) (၄) ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်းရန် ပြင်ဆင်ဆောင်ရွက်

နေပြည်တော်  ဩဂုတ်  ၂၃
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် များကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့်   လုံခြုံရေး တာဝန်များကို   ရဲရဲဝံ့ဝံ့  သက်စွန့်ဆံဖျား စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ      ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင် အလှူရှင်ပြည်သူများ၊   ဝန်ကြီးဌာန အလိုက် ဝန်ထမ်းမိသားစုများနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ကို ပေးပို့လှူဒါန်းလျက်ရှိသည်။
အမဲသားဘူး၊  ကြက်သားအာလူးဘူး၊ ငါးသလောက်ဘူး၊
ငါးတန်အချိုပေါင်းဘူးများ ပြင်ဆင်ထုပ်ပိုးနေမှုကို   ကြည့်ရှုအားပေး
ထိုသို့ ပေးပို့လှူဒါန်းနိုင်ရေးအတွက် ယနေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးနှင့်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန  (၁) (၂) (၃) (၄)  ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စိတ်အား ထက်သန်စွာ စာနာမှု၊ စေတနာ၊  မေတ္တာ အပြည့်ဖြင့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး    ဝန်ကြီးဌာနရုံးတွင် ရွှေဖီဦး(တီးမစ်)၊  ရွှေဖီဦး  (လီမွန်တီး)၊ နန်းမြိုင်  (ကော်ဖီမစ်)၊     အမဲသားဘူး၊ ပလာတူးငါးဘူး၊   ကြက်သားအာလူးဘူး၊   ငါးသလောက်ဘူး၊   ငါးတန်အချိုပေါင်းဘူး၊ ငါးနီတူခြောက်ဘူး၊    Dagon Rum ၊  Red  Ruby နှင့်    Premium   Gold    စသည့် စားသောက်ဖွယ်ရာများ       ပြင်ဆင်ထုပ်ပိုး နေမှုများကို         ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးကိုကိုလှိုင်နှင့် ဦးအောင်ကျော်ဟိုး၊       ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဦးထင်ကျော်သူ နှင့်   ဌာနအကြီးအကဲများက   လိုက်လံ ကြည့်ရှုအားပေးကြသည်။
ရှေ့တန်းရောက်တပ်မတော်သားများနှင့်       လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်ဝယ်အရောက်လှူဒါန်းမည်  
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးနှင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန  (၁) (၂) (၃)(၄) ဝန်ထမ်းမိသားစုများက လှူဒါန်းသည့် ငွေကျပ် ၈၄၅၀၀၀၀ တန်ဖိုးရှိ စားသောက် ဖွယ်ရာများကို ရှေ့တန်းရောက်တပ်မတော် သားများနှင့်       လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်  ဆက်လက်ပို့ဆောင် ပေးနိုင်ရေး           နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့  သွားရောက်လှူဒါန်းမည် ဖြစ်သည်။                           သတင်းစဉ်