
ပဲခူး ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိ သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးနေမှုကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေးခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိ သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မြို့ပေါ်ဈေးများမှ ဈေးသူ ဈေးသား များနှင့် ပြည်သူများက ထောက်ပံ့ လှူဒါန်းသည့် စားသောက်ဖွယ်ရာ များနှင့် အားပေးစာလွှာများကို လှည်လည့်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စားသောက်ဖွယ်ရာ များကို ဌာနဆိုင်ရာများ၊ လူမှု ရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ ရှေ့တန်း ရောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ ပေးပို့မည့်မော်တော်ယာဉ် များပေါ်သို့ တင်ပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပဲခူးတိုင်းဒေသ ကြီး (အရှေ့ခြမ်း)လုံခြုံရေးတာဝန် များကို ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ခြင်းအခမ်းအနားသို့ တက်ရောက် ၍ ဂုဏ်ပြုအမှာစကား ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)လုံခြုံရေးတာဝန်များ ကို ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ် က ရဲတပ်ဖွဲ့ဝင်များအတွက် စဉ်ဆက်မပြတ် ဘက်ပေါင်းစုံမှ ထောက်ပံ့ ပေးအပ်မှုအပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဦးဆောင်မှု၊ မြို့ပေါ်ရှိ ဈေးသူ ဈေးသားများ ပါဝင်မှု၊ ဒေသခံပြည်သူများ၏ စုပေါင်း ပါဝင်လှူဒါန်းမှုတို့ဖြင့် ရခိုင် ပြည်နယ်ရှိ ရှေ့တန်းရောက် တပ်မတော်သားများ၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ရှိ ရှေ့တန်းရောက်တပ်မတော် သားများနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် များအတွက် စုစုပေါင်းငွေကျပ် ၂၃၁၄၆၂၈၅၀ ကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ဂုဏ်ပြု ထောက်ပံ့ ပေးအပ်နိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)