ရေတင်များဖြင့် စိမ်းလန်းစေမည့် ညောင်ဦးဒေသ စိုက်ဧကများ

Type

 

ကောင်းထက်
 

စပါး၊ ပဲ၊ ပြောင်း၊ နေကြာ စသည်ဖြင့် စိုက်ပျိုးသီးနှံမျိုးစုံ ရာသီပတ်လုံး စိုက်ပျိုးနိုင်အောင် ညောင်ဦးခရိုင်အတွင်း မြစ်ရေတင်စီမံကိန်း ငါးခုကို အကောင်အထည် ဖော်ထားပြီးဖြစ်သည်။ မိုးနည်းရပ်ဝန်းဒေသဖြစ်သော်လည်း စိုက်ခင်းများတွင် ရာသီပတ်လုံး စိုက်ပျိုးနိုင်အောင် မြစ်ရေတင်များ တည်ဆောက်ထားရှိမှုကြောင့် စိုက်ပျိုးရေရရှိနေသဖြင့် တောင်သူများက သီးနှံအထွက်တိုးရေး ကြိုးပမ်းအားထုတ်လျက်ရှိသည်။

 

မြစ်ရေတင်လုပ်ငန်း ငါးခု
ညောင်ဦးခရိုင်အတွင်း     ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးရုံး (ရေအရင်းအမြစ်) မှ စိုက်ပျိုးရေ ပေးဝေနိုင်ရန်  အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးသည့် လက်ပံခြေပေါ် မြစ်ရေတင်၊ သူကောင်း တည်မြစ်ရေတင်၊     ငါ့သရောက်မြစ်ရေတင်၊ ကျောက်ကူးမြစ်ရေတင်နှင့် လောကနန္ဒာမြစ်ရေတင် ဟူ၍ ရေတင်လုပ်ငန်း ငါးခုရှိရာ ငါ့သရောက်မြစ်ရေ တင်တွင် အကျိုးပြုဧက ၂၁၈၅ ဧက၊ လက်ပံခြေပေါ် မြစ်ရေတင်တွင် အကျိုးပြုဧက ၁၀၀၀၊ သူကောင်း တည် မြစ်ရေတင်တွင်   အကျိုးပြုဧက   ၄၃၀၀၊ ကျောက်ကူးမြစ်ရေတင်တွင် အကျိုးပြုဧက ၁၈၀၀ နှင့် လောကနန္ဒာမြစ်ရေတင်တွင် အကျိုးပြုဧက ၇၂၀၀  စုစုပေါင်းအကျိုးပြုဧက   ၁၆၄၈၅ ဧက ရှိကြောင်း သိရသည်။
မိုးရွာသွန်းမှုနှင့် ရေလိုအပ်ချက်တို့ပေါ်မူတည်၍ အဆိုပါ မြစ်ရေတင်လုပ်ငန်း ငါးခုမှ နှစ်စဉ်လိုအပ် သော စိုက်ပျိုးရေ/ဖြည့်စွက်ရေများ ပေးဝေလျက် ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန ညောင်ဦးခရိုင် (ရေအရင်းအမြစ်) ၏ အချက်အလက်များအရ သိရသည်။
ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနသည် ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံ/နွေသီးနှံများကို စိုက်ပျိုးရေ ပေးဝေသွားနိုင်ရန်   လျာထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသဟာ တောင်သူလုပ်ငန်းနဲ့ အသက်မွေးတဲ့သူ များတဲ့အတွက် တောင်သူတွေရဲ့ စိုက်ပျိုးရေးအတွက် အဓိကကျတဲ့ စိုက်ပျိုးရေရရှိရေး ကို ကြိုးပမ်းဖော်ဆောင်ပေးရပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် မိုးရေချိန်က ပျမ်းမျှ ၂၈ လက်မသာ  ရရှိတဲ့ အတွက်  မိုးမျှော်ပြီးစိုက်ရင်   သီးနှံတွေအောင်မြင် ဖြစ်ထွန်းဖို့ မသေချာဘူး။ ကျွန်တော်တို့ မြို့နယ်မှာ ဖြတ်သန်းစီးဆင်းသွားတဲ့ သဘာဝအရင်းအမြစ်ဖြစ် တဲ့ ဧရာဝတီမြစ်ကို အသုံးချနိုင်ဖို့ ကြိုးစားရတယ်။ ဒီအတွက် မြစ်ရေတင် စီမံကိန်းငါးခုကို အကောင် အထည်ဖော်ပြီး စိုက်ပျိုးရေ ပေးဝေလျက်ရှိပါတယ်’’ ဟု ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ကြားရေးမှူး က ပြောကြားသည်။
ထိုသို့ တောင်သူများအတွက် စိုက်ပျိုးရေ နှစ်စဉ် ပေးဝေရာတွင် အသုံးပြုခဲ့သည့် လျှပ်စစ်ဓာတ်အားခ မှာ တစ်ဧက ပျမ်းမျှကျပ် ၁၇၀၀၀၀ အထိကုန်ကျလျက် ရှိနေသည်။ တောင်သူများက ရေခွန်ပေးဆောင် ရမှုမှာ မိုးစပါး တစ်ဧကလျှင် ကျပ် ၆၀၀၀ နှုန်း၊ နွေစပါး တစ်ဧကလျှင် ကျပ် ၉၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ကျပ် ၃၀၀၀ နှုန်းသာ ပေးဆောင်ရပြီး တစ်နှစ်လျှင် နှစ်သီး၊ သုံးသီးစိုက်ပျိုး၍ အကျိုးအမြတ် ရရှိမှုကြောင့် တောင်သူများ၏   လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လျက်ရှိသည်။ 
ဆိုလာဓာတ်အားသုံးစနစ်များ တွဲဖက်တပ်ဆင်
ညောင်ဦးခရိုင်အတွင်း မြစ်ရေတင် စီမံကိန်းဖြင့် စိုက်ပျိုးရေပေးဝေရာတွင် ရေတင်စီမံကိန်း လေးခု သည် မြစ်အတွင်းမှ ရေတင်ရသည့် အဆင့်များပြား ခြင်း၊ မြေသဘာဝသည်   သဲဆန်ခြင်းတို့ကြောင့် ရေပေးဝေမှုပမာဏ  များပြားသဖြင့် ဓာတ်အားခ ကုန်ကျစရိတ်  များပြားခြင်းဖြစ်သည်။  ထိုကဲ့သို့ တောင်သူများ၏ စိုက်ပျိုးမြေများအတွက် စိုက်ပျိုး ရေတင်ရာတွင် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်   ရေတင်လုပ်ငန်းများ၌    ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုလာဓာတ်အားသုံးစနစ်များ    တွဲဖက် တပ်ဆင်ခြင်းကို စီမံဆောင်ရွက်လျက်ရှိသည်။
“ငါ့သရောက် မြစ်ရေတင် ရေတင်အဆင့် (၂)နဲ့ လက်ပံခြေပေါ် မြစ်ရေတင် ရေတင်အဆင့်(၂) တို့မှာ ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်းကို   ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ       တိုင်းဒေသကြီးရန်ပုံငွေနဲ့ ဆောင်ရွက်ပြီးစီးခဲ့ပါပြီ။ ကျန်တဲ့   မြစ်ရေတင်တွေ ကိုလည်း ဆိုလာဓာတ်အားသုံးစနစ်တွေ ဘဏ္ဍာနှစ် အလိုက် လျာထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဓာတ်အားခကုန်ကျစရိတ်သက်သက် သာသာနဲ့ တောင်သူကို အကျိုးပြုနိုင်ဖို့နဲ့ လျှပ်စစ် ရေတင်တွေကို ဆိုလာတပ်ဆင်လိုက်လို့ ပိုလျှံလာတဲ့ ဓာတ်အားတွေကို ပြည်သူတွေ မျှဝေသုံးစွဲလာနိုင်ဖို့ အတွက် ဆောင်ရွက်ရတာပါ” ဟု   လက်ထောက် ညွှန်ကြားရေးမှူးက ရှင်းပြသည်။
ဆိုလာစနစ်သုံး 
အနိမ့်တင်ပန့်များ
ယခုဘဏ္ဍာနှစ်တွင် လောကနန္ဒာမြစ်ရေတင် ဧရိယာအတွင်း   ရေပေးမြောင်းများမှ   တိုက်ရိုက် မရောက်သည့် Upland Area များကို ရေတင်ပေးနိုင် ရေး ဆိုလာစနစ်သုံး အနိမ့်တင်ပန့်များကို တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း      ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ သိရသည်။
ညောင်ဦးခရိုင်အတွင်းရှိ မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေးသာမက မြစ်ရေတင် ရေပေးမြောင်း အနီးရှိ ကျေးရွာ ၂၈ ရွာအတွက် ရေကန် ၂၈ ကန်ကို တည်ဆောက်ပေးခဲ့ပြီး သောက်သုံးရေလိုအပ်ချက် ကိုပါ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
“မိုးနည်းတဲ့ ဒေသဆိုတော့ မိုးမျှော်လုပ်ရမယ့် စိုက်ပျိုးရေးဆိုရင်   အဆင်မပြေဘူး။   သီးနှံတွေ အောင်မြင်ဖြစ်ထွန်းဖို့ မသေချာဘူး။ ကျွန်တော်တို့ ဒေသအတွက်   ဧရာဝတီမြစ်ကနေ   မြစ်ရေတင် ဆောင်ရွက်ပေးလို့သာ စိုက်ပျိုးရေးကို စိတ်ချလက်ချ လုပ်နိုင်ကိုင်နိုင်ပြီး တောင်သူတွေ နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးလာနိုင်လို့  အဆင်ပြေကြတာ။ ဒါ့အပြင် မြောင်းလက်တံတွေကတစ်ဆင့် သောက်သုံးရေကန် တွေကိုပါ   ရေဖြည့်ပေးတော့    သောက်သုံးရေပါ အဆင်ပြေပြီး ကျွဲ/နွား တိရစ္ဆာန်တွေကိုပါ မွေးမြူ လာနိုင်တယ်၊ နှစ်မိုင်လောက်ဝေးတဲ့ မြစ်ထဲအထိ ရေဆင်းခပ်စရာ မလိုတော့တဲ့အတွက် အချိန်ကုန်၊ လူပမ်းလည်းသက်သာတာပေါ့။ ရွာထဲကသစ်ပင်တွေ လည်း အရင်က   နွေရာသီဆို  အရွက်တွေမရှိတော့ဘူး။ အခုဆို တစ်နှစ်ပတ်လုံး   စိမ်းလန်းပြီး   အပင်တွေ လည်း မသေတော့ဘူး။ ဒီတော့ မြစ်နဲ့နီးတဲ့ ဒေသ တွေမှာ မြစ်ရေတင်များများရှိတော့ တောင်သူတွေနဲ့ ကျေးလက်နေပြည်သူတွေအတွက်   ကောင်းတာ ပေါ့။ ဒါမှ စိုက်ပျိုးရေးကို အားထည့်လုပ်နိုင်မှာ” ဟု နတ်ကြို့အိုင်ကျေးရွာမှ တောင်သူ ဦးအောင်ညို (လောကနန္ဒာမြစ်ရေတင်ဧရိယာမှ တောင်သူ) က ဆိုသည်။
ရေအသုံးချသူများအဖွဲ့  
ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ရေတင်ငါးခုမှ မြစ်ရေတင်ဧရိယာအတွင်း   စိုက်ပျိုးရေအသုံးချ လျက်ရှိသော တောင်သူများပါဝင်သည့်   ရေအသုံး ချသူများအဖွဲ့  (WUG) ၉၃ ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဆက်လက်၍လည်း ရေသုံးစွဲသူများအသင်း (WUA) ကို   ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ ဒေသမှာ ရေသုံးစွဲတဲ့ တောင်သူ တွေ  ကိုယ်တိုင်ပါဝင်တဲ့   WUG   လည်း ရှိနေပြီ။ ဒီထဲမှာဆိုရင် ရေသုံးစွဲတဲ့တောင်သူဦးရေ ၃၇၁၄ ဦး ပါဝင်တာဖြစ်ပါတယ်။ ဒီအသင်းတွေ စုပေါင်းပါဝင်တဲ့ WUA  ကို   ဆက်လက်ဖွဲ့စည်းနိုင်ရေးကိုလည်း ဆောင်ရွက်နေပါပြီ။    ဒီအသင်းအဖွဲ့နဲ့လုပ်တဲ့ အားသာချက်က ရေကိုစနစ်တကျနဲ့ အလေ့အလွင့် မရှိဘဲ စိုက်ပျိုးရေးအတွက် အကျိုးရှိရှိ သုံးနိုင်တာပဲ။ အများနဲ့လုပ်တော့   အမြင်ပိုကျယ်တယ်။   သီးနှံ စိုက်တာဆိုရင်လည်း အကျိုးများမယ့် သီးနှံပုံစံတွေ သိလာရတယ်” ဟု ရေအသုံးချသူများအဖွဲ့ (WUG) အတွင်းတွင် ပါဝင်သည့််  လက်ပံခြေပေါ်ကျေးရွာမှ တောင်သူ ဦးစိုးနိုင်ဝင်း (လက်ပံခြေပေါ် မြစ်ရေတင် ဧရိယာ) က ပြောသည်။
လယ်ကြားရေသွင်းမြောင်းတစ်ခုမှ မြစ်ရေတင် ရေသောက်  တောင်သူအချင်းချင်း    အဖွဲ့အစည်း စိတ်ဓာတ်ဖြင့် အလေ့အကျင့်ကောင်းများ ရရှိစေ ရေး၊   မြစ်ရေပေးဝေမှု    စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် များနှင့်  မြစ်ရေတင်မြောင်း အဆောက်အအုံများ ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းစဉ်များကို မြစ်ရေတင်ရေဖြင့် အသုံးပြုတောင်သူများ   ကောင်းစွာသိရှိနားလည် စေပြီး ဌာနနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး၊ ရေပေးရေယူ အခက်အခဲများ ပူးပေါင်း ဖြေရှင်းနိုင်စေရေး၊ မြစ်ရေဖြင့် စိုက်ပျိုးရေးလုပ်ကိုင် ကြသော တောင်သူများ   မိမိတို့  စိုက်ပျိုးဧရိယာ အတွင်း ရေဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံတို့ကို အကောင်းဆုံးဖြစ်အောင်    ကိုယ်တိုင်စီမံပါဝင်နိုင် ရေးတို့အတွက် ရေအသုံးချသူများအဖွဲ့(WUG)နှင့် ရေသုံးစွဲသူများအသင်း (WUA) များကို   ဖွဲ့စည်း ရခြင်းဖြစ်သည်။
ရေအသုံးချသူများအဖွဲ့နှင့် အသင်း၏ အကျိုးကျေးဇူးများ
ထိုကဲ့သို့ ရေအသုံးချသူတောင်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်သော ဆည်ရေစီမံခန့်ခွဲမှု အားကောင်း ခိုင်မာပြီး ရေစီမံခန့်ခွဲမှု စနစ်တကျတိုးတက်အောင် ဆောင်ရွက်နိုင်ပါက ပြုပြင်ထိန်းသိမ်းစရိတ်ကုန်ကျ ငွေများကို အနည်းဆုံးဖြစ်အောင် တစ်ဖက်မှ စီမံ ဆောင်ရွက်လာနိုင်သကဲ့သို   လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်   ဖြစ် သည်။ 
ထိုသို့ စီမံဆောင်ရွက်လာနိုင်မှုနှင့်အတူ တောင်သူ များအတွက် ရေလိုအပ်ချက်ကို အချိန်ကိုက်ပေးဝေ နိုင်ခြင်း၊ ရေပေးဝေရမည့် သတ်မှတ်ဧရိယာများကို အညီအမျှ   ပေးဝေနိုင်ခြင်း၊   ရေသွင်းစိုက်ပျိုးရေး အတွက်   စိုက်ပျိုးရေ    အကျိုးသက်ရောက်မှုကို အကောင်းဆုံးဖြစ်စေခြင်း၊ စဉ်ဆက်မပြတ်တိုးတက် လာသော စိုက်ပျိုးရေးနည်းစနစ်များကို အခြေခံ၍ သီးနှံအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်လာ နိုင်ခြင်းတို့ကိုပါ တစ်ပါတည်း  ဖော်ဆောင်သွားနိုင် မည်ဖြစ်သည်။
နည်းပညာဖြန့်ဝေခြင်းဆိုင်ရာ 
သင်တန်းများ
သို့အတွက်   ရေအသုံးချသူများ    ကိုယ်တိုင် ပူးပေါင်းပါဝင်သည့် ဆည်မြောင်းစနစ်ကို လက်တွေ့ အသုံးချဆောင်ရွက်နိုင်ရန်အတွက် ရေအသုံးချသူ များ အဖွဲ့/အသင်းကို ထူထောင်ခြင်း၊ နည်းပညာ ဖြန့်ဝေခြင်းဆိုင်ရာ    သင်တန်းများပေးခြင်းတို့ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန သည်  သက်ဆိုင်ရာဌာနများနှင့်   ပူးပေါင်းကာ ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ 
ဆည်ရေသောက်စနစ်များ      ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းကို      ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ရေကိုပိုမိုအကျိုးရှိစွာ သုံးစွဲ နိုင်ရန်အတွက်  ပူးပေါင်းပါဝင်    ဆည်မြောင်းစနစ် (Participatory Irrigation Management - PIM) Guide line (မြန်မာဘာသာ) ကို   ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး    ဦးစီးဌာနအနေဖြင့် ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုရလျှင်    ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် တောင်သူ စီးပွားအကျိုးများစေရန်အတွက် ဒေသနှင့်သဘာဝ အရ  ဆက်စပ်တည်ရှိနေသည့် ဧရာဝတီမြစ်ရေနှင့် နေရောင်ခြည်စွမ်းအင်ကို   ပေါင်းစပ်အသုံးပြုထား သည့် ဆိုလာမြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေ ပေးဝေကာ တောင်သူအကျိုးကို ကြိုးပမ်းဖော်ဆောင် လျက်    ရှိပါကြောင်း   ရေးသားတင်ပြလိုက်ရပါ သည်။     ။