
ရန်ကုန် ဩဂုတ် ၁၁
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက် ၅ နာရီမှစတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ် နေရာများ၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်း များနှင့် ဘာသာရေးဝတ်အသင်း အဖွဲ့များက စေတီတော်မြတ်ကြီး အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော် ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဝါခေါင်လပြည့် (မေတ္တာအခါတော် နေ့)နှင့် အသံမစဲမေတ္တာပို့အောင် ပွဲ အခမ်းအနားကို ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း ၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များက မေတ္တာအခါတော်နေ့ မေတ္တသုတ် ပါဠိတော်များကို စုပေါင်းရွတ်ဖတ် ပူဇော်ခြင်း၊ ဆုတောင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် စေတီတော် ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များ တန်ဆောင်းစုရပ်မှ စတင်၍ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ နှင့် အလှူရှင်များက ပန်းစေတီ များကို ပင့်ဆောင်လျက် ရင်ပြင် တော်တစ်ပတ် လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး စေတီ တော်ရင်ပြင် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံ တန်ဆောင်း မုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရား များအား ပန်းစေတီများ ကပ်လှူ ပူဇော်ကြသည်။
ဆက်လက်၍ ဝါတွင်းသီလ ခံယူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်း အနားကို ကျင်းပရာ အခမ်းအနား သို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ ဆရာတော်ကြီးနှင့် ပင့်သံဃာတော်များ ကြွရောက် တော်မူကြပြီး ဂေါပကအဖွဲ့ဝင် များ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများ တက်ရောက်ကြည်ညို ကြသည်။
အခမ်းအနားတွင် ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ရွှေပြည် သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူဆောက် တည်ကြသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင် များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့ များ၊ အလှူရှင်များနှင့် ဘုရားဖူး ပြည်သူများက ဩဝါဒါစရိယဆရာ တော်ကြီးနှင့် ပင့်သံဃာတော်များ အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ တိပိဋကဓရ ပါဠိ ပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင် များက ဩဝါဒါစရိယဆရာတော် ကြီးနှင့် ပင့်သံဃာတော်များအား ရွှေတိဂုံစေတီတော်ရောင်တော်ဖွင့် တန်ဆောင်း၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ထို့ပြင် ဆဋ္ဌသင်္ဂါယနာ သာသန သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့၏ ဝါခေါင်လပြည့် (မေတ္တာအခါတော် နေ့) ဓမ္မပူဇာ မင်္ဂလာသဘင်အခမ်း အနားနှင့် သက်လွှတ်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ဂေါပကရုံးရှိ အာရုံခံတန်ဆောင်း အပေါ်ထပ်၌ ကျင်းပရာ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးအသင်း အဖွဲ့များက နတ်ဗြဟ္မာများ ပင့်ဖိတ်ခြင်း၊ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား မြတ်စွာ ဘုရားကို ပင့်လျှောက်ခြင်း၊ ကမ္ဘာအေးဘုရားရှိခိုးဖြင့် ပူဇော် ကန်တော့ခြင်း မေတ္တသုတ် အမွှန်းကို ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တသုတ် ပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ဆောင် ရွက်ကြသည်။
ထို့နောက် သက်လွှတ်ပွဲကို စေတီတော်ရင်ပြင်၌ ဆက်လက် ကျင်းပရာ ရှေးဦးစွာ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးအသင်း အဖွဲ့များက စေတီတော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ဇီဝိတဒါန အဖြစ် ငှက်များကို လွှတ်ပေးကြ ကြောင်း သတင်းရရှိသည်။
သတင်းနှင့် ဓာတ်ပုံ ကိုကိုဇော်(သတင်းစဉ်)