
ရန်ကုန် စက်တင်ဘာ ၂၉
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တော်သလင်းလ ပြည့်(ဂရုဓမ္မအခါတော်နေ့) ဖြစ် သည့်အားလျော်စွာ ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ဘုရားစေတီများ၌ ဝါတွင်းဥပုသ်သီတင်း ဆောက် တည်ကြသူများ၊ ကုသိုလ်ကောင်း မှုပြုလုပ်သူများနှင့် စည်ကား လျက်ရှိသည်၊၊
ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့) အခမ်းအနားများ ကို ယနေ့နံနက် ၅ နာရီခွဲမှ စတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပ သည်၊၊
ရှေးဦးစွာ ရွှေတိဂုံစေတီတော် မြတ်ကြီးအား အရုဏ်ဆွမ်းတော် ကြီး ကပ်လှူပွဲကို စေတီတော် ရင်ပြင်ဧည့်ခံတန်ဆောင်း၌ ကျင်းပ ရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာ ရေး ဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့) အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးအသင်း အဖွဲ့များက ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း၊ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာဝန္ဒနာရှိခိုးခြင်း၊ ဂရု ဓမ္မအခါတော်နေ့ဆိုင်ရာ အမေး အဖြေများပြုလုပ်ခြင်း၊ ဂရုဓမ္မငါးပါး သီလအကျိုးအပြစ် လင်္ကာများ ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာဘာဝနာ ပွားများခြင်းတို့ကိုဆောင်ရွက်ကြသည်။
ယင်းနောက် ဝါတွင်းသီတင်း သီလခံယူဆောက်တည်ပွဲ အခမ်း အနားကို နံနက် ၉ နာရီခွဲတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ကျင်းပရာ နမော တဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ စမ်းချောင်းမြို့နယ် နေနတ် သားစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော် သံဃာတော်များကို ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေနတ်သား စာသင်တိုက် ပဓာန နာယကဆရာ တော် ဘဒ္ဒန္တသုစိတ္တထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူ၍ ရေစက်ချအမျှပေး ဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ရောင်တော်ပွင့် တန်ဆောင်း၌ ဆရာတော်သံဃာ တော်များအား ဂေါပကအဖွဲ့ဝင် များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
အလားတူ သီရိမင်္ဂလာကမ္ဘာ အေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့်(ဂရုဓမ္မအခါ တော်နေ့) ဓမ္မပူဇာမင်္ဂလာအခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ စေတီတော်ဂေါပကရုံး အာရုံခံတန်ဆောင်း အပေါ်ထပ် ၌ကျင်းပရာ ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း၊ သုံးလောကထွတ်ထား မြတ်စွာ ဘုရားကို ပင့်လျှောက်ခြင်း၊ အဂ္ဂ သာဝက နှစ်ဆူဖြစ်တော်မူသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန် ရဟန်းမြတ် နှစ်ပါးတို့ အား ပင့်လျှောက်ခြင်းတို့ဆောင်ရွက်ပြီး အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးထွန်းဇော်မြင့် က ဂရုဓမ္မအခါတော်နေ့ ကျင်းပ ရခြင်းအကြောင်းကို မင်္ဂလာ ထောမနာစကား ပြောကြားသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင် များနှင့် ဘာသာရေးဝတ်အသင်း အဖွဲ့များက ဂရုဓမ္မဇာတ်ပါဠိတော် နှင့် မဟာဓမ္မပါလဇာတ်တော် ပါဠိ တော်တို့ကို စုပေါင်းရွတ်ဖတ် ပူဇော်ခြင်း၊ မေတ္တာပို့ အမျှပေး ဝေခြင်း၊ ဆုတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်