ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲ ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၄


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ က  ကြီးမှူးကျင်းပသည့် တပို့တွဲလပြည်နေ့ ထမနဲ ဆွမ်းလှူဒါန်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်း တွင် ရွှေတိဂုံစေတီတော် ရင်ပြင်သတ်မှတ်နေရာများ ၌ ကျင်းပသည်။
ဦးစွာ     ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ     ဧည့်ခံ တန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား     ထမနဲဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြပြီး   အခမ်းအနားကို    အစီအစဉ် အတိုင်းဆောင်ရွက်ကြသည်။
ထို့နောက်     ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ   တန်ဆောင်းနှင့်   ရောင်တော်ပွင့်တန်ဆောင်းတို့၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော် များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်သံဃာတော်များက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များ တန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်ရင်ပြင် တစ်ပတ်လှည့်လည်ပူဇော်ခံရာ   ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ က  ထမနဲဆွမ်းနှင့်  လှူဖွယ်ပစ္စည်းများ လောင်းလှူ ကြသည်။
ဆက်လက်၍  (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲ ရေစက်ချအနုမောဒနာအခမ်းအနား ကို   ချမ်းသာကြီးတန်ဆောင်း၌   ကျင်းပရာ   ရွှေတိဂုံ စေတီတော်  ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့  သြဝါဒါ စရိယ၊    နိုင်ငံတော်သံဃာ့ဝန်ဆောင်၊     သာသနာ့ ဓဇဓမ္မာစရိယ    ဆရာတော်ဘဒ္ဒန္တကဉ္ဇနထံမှ      ဧည့် ပရိသတ်များက   ကိုးပါးသီလ   ခံယူဆောက်တည် ကြသည်။
ထို့နောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ထမနဲ လှူဒါန်းပွဲတော်  ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာ ပတိ ဦးထိန်ဝင်းက ဇယမင်္ဂလာအနုမောဒနာစကား လျှောက်ထားသည်။
ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော   ပရိတ်တရား တော်များကို နာယူကြည်ညိုကြပြီး ဂေါပကအဖွဲ့ဝင် များနှင့်      အလှူရှင်များက    လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏလင်္ကာရထံမှ  အနုမောဒနာတရားနာကြားပြီး     ကုသိုလ်ကောင်းမှု အစုစုတို့အတွက်   ရေစက်သွန်းချ  အမျှပေးဝေကြ သည်။
ယနေ့   တပို့တွဲလပြည့်နေ့တွင်    ရွှေတိဂုံစေတီ တော်မြတ်ကြီး၌   အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူး လာပြည်သူများဖြင့်      စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်