နေပြည်တော် ဖေဖော်ဝါရီ ၂၁
ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့်    ဗုဒ္ဓ ဘာသာ ဘုရားစေတီများ    အပါ အဝင် သက်ဆိုင်ရာဘာသာများ အလိုက်   ဘာသာရေး  ကျောင်း များအား  ဖူးမြော်ခွင့်၊ ဝတ်ပြု ခွင့်များ  ယာယီ ရပ်ဆိုင်းထားရှိရာမှ   ကိုဗစ်-၁၉ စည်းမျဉ်း၊   စည်းကမ်း များနှင့် အညီ    စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊    ကြည်ညို တရားဘာဝနာ    ပွားများနိုင်ရေး အတွက်  ဖေဖော်ဝါရီ ၈ ရက်နေ့မှ  စတင်၍  ပြန်လည်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရှိရသည်။
ထိုသို့   ပြန်လည်ဖွင့်လှစ်ထား ရှိရာ    ယနေ့တွင်   ရန်ကုန်မြို့ရှိ ရွှေတိဂုံ  စေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ   မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးတို့အပါအဝင်  ပြည်နယ် နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူး လာ  သံဃာတော်များ၊  သာသနာ နွယ်ဝင်သီလရှင်များနှင့်    မိဘ ပြည်သူများသည်    ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို    ကုသိုလ်ယူ လျက်ရှိကြသည်။
ရန်ကုန်မြို့ရှိ   ရွှေတိဂုံစေတီ တော်မြတ်ကြီးအား      နေ့စဉ် နံနက်   ၆  နာရီမှ    ၇ နာရီအထိ လည်းကောင်း၊  နံနက် ၈ နာရီမှ ၉ နာရီအထိ    လည်းကောင်း၊ နံနက် ၁ဝ နာရီမှ     ၁၁ နာရီအထိ လည်းကောင်း နံနက်ပိုင်းသုံးကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ လည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိလည်းကောင်း ဖူးမြော်နိုင်ရေး     ဆောင်ရွက်ပေး ထားကြောင်း သိရှိရသည်။
ထို့ပြင်    နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေးကျောင်း များ၊    ခရစ်ယာန်ဘာသာရေး ကျောင်းများနှင့်    ဟိန္ဒူဘာသာရေး ကျောင်း            များကိုလည်း သက်ဆိုင်ရာ ဘာသာများအလိုက်   အများပြည်သူ  ဝတ်ပြုကြည်ညို နိုင်ရေးအတွက်       ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ  ဖွင့်လှစ်ထားရှိရာ   သက်ဆိုင်ရာ ဘာသာဝင်များက    စည်းမျဉ်း စည်းကမ်းများနှင့်အညီ  စိတ်အေး ချမ်းသာ စွာ     လာရောက်ဝတ်ပြု  လျက်ရှိကြောင်း      သတင်းရရှိ သည်။                     သတင်းစဉ်
      
  
      


