ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်

 

 

ရန်ကုန်   အောက်တိုဘာ   ၁၉


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အကြို(အဖိတ်နေ့) ရွှေတိဂုံစေတီတော် မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ယနေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည်။
ဆီမီးပူဇော်ပွဲတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် များနှင့် ဂေါပကရုံးဝန်ထမ်းများက အများပြည်သူများ လှူဒါန်းထားသည့် ဆီမီး ၁၁၀၀၀ ကို ရွှေတိဂုံစေတီတော် ရင်ပြင် ပတ်ပတ်လည်ရှိ ဆီမီးခုံများ၌ ထွန်းညှိ ပူဇော်ဆက်ကပ်လှူဒါန်းကြသည်။ 
သတင်းနှင့်ဓာတ်ပုံ-ဇော်မင်းလတ်(MNA)