ရွှေတိဂုံစေတီတော် အဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

ရန်ကုန်   ဇူလိုင်   ၂၇


ရွှေတိဂုံစေတီတော်   ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က        ကြီးမှူး ဖွင့်လှစ်သည့်         အဆင့်မြင့် ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲနှင့်     ဆုချီးမြှင့်ပွဲ အခမ်းနားကို     ယနေ့    မွန်းလွဲ ၁ နာရီတွင်   ရွှေတိဂုံစေတီတော် ရင်ပြင်ရာဟုထောင့်ရှိ ထီးတော်ရုံ တန်ဆောင်း၌ ကျင်းပသည်။

 


အခမ်းအနားတွင်     ရွှေတိဂုံ စေတီတော်     ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့  အလှည့်ကျ  သဘာ ပတိ            ဦးသိန်းထွဋ်မောင်က သင်တန်း   ပြီးမြောက်အောင်မြင်မှု အထိမ်းအမှတ်  စကားပြောကြား  သည်။

 


ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း    ဂေါပကအဖွဲ့ ဝင်   မဟာသဒ္ဓမ္မ   ဇောတိကဓဇ ဦးအမ်းယုမောင်က    ယဉ်ကျေးမှု ဆိုင်ရာ    သိကောင်းစရာများကို လည်းကောင်း၊    သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးဟန်က သင်တန်းသင်ကြား ပြီးစီးမှုနှင့်   ပတ်သက်၍   လည်း ကောင်း၊ ဆုထူးပန်အဘိဓမ္မာ ပြန့်ပွား ရေးအသင်းဥက္ကဋ္ဌ   ဦးဌေးလွင်က သာသနာရေး        ဆိုင်ရာများအား လည်းကောင်း         ပြောကြားကြ သည်။

 


ယင်းနောက်   ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်း   ဂေါပက အဖွဲ့ဝင်များက    သင်တန်းနည်းပြ ဆရာကြီးအား ဂါရဝပြုလက်ဆောင် နှင့်    ဆုရသင်တန်းသားများကို  ဆုချီးမြှင့်ပေးအပ်ကြပြီး သင်တန်း သားတစ်ဦးက  ကျေးဇူးတင်စကား      ပြောကြားသည်။

 


အဆိုပါသင်တန်းကို   ရွှေတိဂုံ စေတီတော်     ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး     ဝန်ထမ်းများ၊ စေတီတော်ကြီး၏     ဝေယျာဝစ္စ လုပ်ငန်းများ    ဆောင်ရွက်ရာတွင် ထေရဝါဒ    ဗုဒ္ဓ ဘာသာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ    ဆောင် ရွက်နိုင်ရန်၊     အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ် နှလုံး    ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်  ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။     


သတင်းစဉ်