ရွှေတိဂုံစေတီတော် (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲ လှူဒါန်းပွဲ ရေစက်ချအနုမောဒနာအခမ်းအနား ကျင်းပ

 

ရန်ကုန်  ဖေဖော်ဝါရီ   ၄
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က  ကြီးမှူးကျင်းပသည့်  ၁၃၈၄   ခုနှစ် (၁၅) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲပွဲတော် ဆွမ်းတော်ကြီး ကပ်လှူခြင်းနှင့် ဩဝါဒပါတိ မောက်အခါတော်နေ့     အခမ်းအနား၊    ထမနဲ ဆွမ်းလောင်းလှူပွဲအခမ်းအနားနှင့်    မြန်မာ့ ရိုးရာ ထမနဲလှူဒါန်းပွဲ ရေစက်ချအနုမောဒနာအခမ်းအနားများကို ယနေ့နံနက်ပိုင်းမှ စတင် ၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာ များ၌ ကျင်းပသည်။
ဆွမ်းကပ်လှူ
ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးကပ်လှူခြင်းနှင့်  ဩဝါဒပါတိ မောက်အခါတော်နေ့ အခမ်းအနားကို စေတီ တော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အဖွဲ့များ၊   ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများက စေတီ တော်မြတ်ကြီးအား ထမနဲ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းများ ကပ်လှူပူဇော်ကြပြီး ဆုတောင်းအမျှဝေကြသည်။
ထမနဲဆွမ်းလောင်းလှူ
ထို့နောက် စေတီတော်ရင်ပြင်တောင်ဘက် ဗဟိုမဏ္ဍပ်စုရပ်မှ စတင်၍ ထမနဲ ဆွမ်းလောင်း လှူပွဲအခမ်းအနားကိုကျင်းပရာ  ဂေါပကအဖွဲ့ ဝင်များ၊ အလှူရှင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ရွှေတိဂုံစေတီတော်သို့ဘုရားဖူးလာပြည်သူများက      ဘုရားအမှူးပြုသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့  ဩဝါဒါစရိယ  ဆရာတော်ကြီးများ၊  ပင့် သံဃာတော်  ၆၂  ပါးတို့ကို   ထမနဲဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
ယင်းနောက် (၁၅)  ကြိမ်မြောက်  မြန်မာ့ ရိုးရာထမနဲ လှူဒါန်းပွဲ ရေစက်ချအနုမောဒနာ အခမ်းအနားကို    စေတီတော်ရင်ပြင်   ရာဟု ထောင့် အောင်မြေရှိ ချမ်းသားကြီးတန်ဆောင်း ၌ ဆက်လက်ကျင်းပကြောင်း သိရသည်။
ကိုကိုဇော်