
ဗီယင်ကျန်း နိုဝင်ဘာ ၁၈
ရွှေတြိဂံနယ်မြေ၌ မူးယစ်ဆေး မှောင်ခိုကူးခြင်းများကဲ့သို့ နိုင်ငံ ဖြတ်ကျော်မှုခင်းများကို နှိမ်နင်း ရန် လာအို၊ ထိုင်းနှင့် မြန်မာအရာရှိ များ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း မီဒီယာများ၌ နိုဝင်ဘာ ၁၈ ရက်က ဖော်ပြခဲ့သည်။
လာအို ပြည်သူ့တရား လွှတ်တော်ချုပ်ရုံး ဝက်ဆိုက်ဘ် ထုတ်ပြန်ချက်အရ ဒေသတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ် ဖြင့် ရွှေတြိဂံအစိုးရရှေ့နေများ ကွန်ရက် ဒုတိယအစည်းအဝေး ကို လာအိုနိုင်ငံမြောက်ပိုင်း လွန်ဘရာဘန် ပြည်နယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ ကျင်းပခဲ့ပြီး ဒေသတွင်း နိုင်ငံ ဖြတ်ကျော်မှုခင်းများကို ထိရောက် စွာနှိမ်နင်းရန် ရည်ရွယ်ကြောင်း သိရသည်။
ပါဝင် ဆွေးနွေးသူများက မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ပြစ်မှုများကဲ့သို့သော နိုင်ငံဖြတ် ကျော်မှုခင်းများသည် ဒေသတွင်း နှင့် နိုင်ငံတကာ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ကမ္ဘာလုံး ဆိုင်ရာ ပြဿနာတစ်ခုဖြစ် ကြောင်း သဘောတူခဲ့ကြသည်။
ပထမအစည်းအဝေးကို ထိုင်း နိုင်ငံ၌ ၂၀၁၈ ခုနှစ်က ကျင်းပ ခဲ့သည်။ ရွှေတြိဂံနယ်မြေသည် မဲခေါင်မြစ်ပေါ်ရှိ လာအို၊ ထိုင်း နှင့် မြန်မာနယ်စပ်ဆုံရာ ဒေသဖြစ်သည်။
ဆင်ဟွာ