
ရွှေတောင် သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး ရွှေတောင် မြို့နယ် နွားမယံကျေးရွာအုပ်စု ကွင်းအမှတ် (၄၀၈) နွားမယံ ကွင်းအတွင်းရှိ တောင်သူ ဦးဌေးဝင်း၏ လယ်မြေ ၁၆ ဧက တွင် မိုးစပါးသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် လက်ဖြင့် စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား ကို ယမန်နံနက်ပိုင်းက ကျင်းပ ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး (အနောက်)တိုင်းဦးစီးမှူး ဦးစန်းလွင်၊ ခရိုင် စိုက် / ကြပ် ကော်မတီဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက် / ကြပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု တို့မှ အုပ်ချုပ်ရေးမှူး ရုံးအဖွဲ့ဝင် များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး ကောက်စိုက် သမများ ကောက်စိုက်နည်းစနစ် ယှဉ်ပြိုင်စိုက်ပျိုးမှု အခြေအနေ များကို ကြည့်ရှုအားပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ကောက်စိုက်သမ အဖွဲ့အား ဆုငွေများပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်လာ သော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူများက မိုးစပါးသိပ္ပံ နည်းကျ စိုက်ပျိုးနည်းစနစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကို ကြည့်ရှုကြကြောင်း သိရ သည်။
ကိုကိုမင်း(ပြန်/ဆက်)