ရွှေတောင်မြို့နယ်၌ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ထုတ်ပေး

 

ရွှေတောင်    မတ်    ၂၇


ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်လူမှုဖူလုံရေး ရုံးခန်းမတွင်  ယမန်နေ့က  အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်  ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ် လူမှုဖူလုံရေးရုံး ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ရွှေက ရွှေတောင်မြို့နယ်  လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော ပြည်ရေနံမြေမှ အာမခံအလုပ် သမား   ဦးရန်နိုင်ဦး၏  လုပ်ငန်းခွင်အတွင်း  ထိခိုက် ဒဏ်ရာရရှိမှုအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုး ခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃၃၃၀၄၃၂ ကျပ်ကို  ပေးအပ်သည်။                  

ကိုကိုမင်း( ပြန်/ ဆက်)