ရွှေတောင်မြို့၌ လူငယ်စကားဝိုင်း ကျင်းပ

 

ရွှေတောင်   ဇန်နဝါရီ   ၁၈
ပဲခူးတိုင်းဒေသကြီး    ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်    အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော     လူငယ် စကားဝိုင်းကို ဇန်နဝါရီ ၁၈ ရက်  နံနက် ၉ နာရီက အခြေခံပညာ     အထက်တန်းကျောင်း၌   ကျင်းပ သည်။ (အပေါ်ပုံ)
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့  ဥက္ကဋ္ဌ      ဦးဟံဝင်းအောင် နှင့်             မြို့နယ်ပညာရေးမှူး  ဦးကျော်ဦးတို့က     အမှာစကား ပြောကြားကြသည်။ 
ဆက်လက်၍   ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က  လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို  ပြောကြားသည်။  
ထို့နောက်     လူငယ်စကား ဝိုင်း    ဆွေးနွေးပွဲကို   ကျင်းပရာ ဦးစီးအရာရှိ  ဒေါ်ငြိမ်းငြိမ်းသန့်နှင့်     အထက်တန်းပြ ဆရာမ ဒေါ်သူသူ ဟန်စောတို့က ဦးဆောင်ဆွေးနွေး သူများအဖြစ်      ဆောင်ရွက်ပြီး  အထက  (ရွှေတောင်)  ကျောင်းမှ Grade-11 ကျောင်းသား ကျောင်း သူများက    လူငယ်နှင့်   ပညာရေး၊        လူငယ်နှင့် စာဖတ်ခြင်း၊‌  လူငယ် နှင့်    အားကစား၊    လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် ကျန်းမာ ရေး ခေါင်းစဉ်များဖြင့် ဦးဆောင် ဆွေးနွေးကြရာ   ကျောင်းသား  ကျောင်းသူများက  သိရှိလိုသည် များကို     မေးမြန်းရာ      ဦးဆောင် ဆွေးနွေးသူများက       ပြန်လည် ရှင်းလင်းကြသည်။   
အဆိုပါ       လူငယ်စကားဝိုင်း သို့  ကျောင်းသား   ကျောင်းသူ   စုစုပေါင်း ၂၃၀ တက်ရောက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ခင်းကျင်းပြသ ထားသည့်      နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်    စာအုပ်ပြပွဲများကို ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း  သိရ သည်။          ကိုကိုမင်း(ပြန်/ဆက်)