
ရေတာရှည် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာခရီးသွားနိုင်မည့် ကွန်ကရစ်လမ်းများ ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
ဆွာမြို့နှင့်အဓိကဆက်သွယ်ထားသောဆွာ-ထောက်ကြန်ကွင်း-သဖန်းစင် လမ်းပိုင်းတွင် မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၏ ကြီးကြပ် မှုဖြင့် Ko Yan Naing Logistics Co.Ltd က ဆောင်ရွက်ခဲ့သော အရှည် ၀/၂ ဒသမ ၂ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိ ကွန်ကရစ် လမ်းဆောင် ရွက်ပြီးစီး၍ အများပြည်သူစတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့သဖြင့် ဆွာမြို့အရှေ့ဘက်ခြမ်း ကျေးရွာပေါင်း ၂၀ မှ ဒေသခံများ အဆင်ပြေစွာ သွားလာနိုင်ကြပြီဖြစ်သည်။ ထို့အတူ ရေတာရှည်မြို့မြောက်ဘက်၊ ညောင်ပင်ကိုင်း- ပိတောက်ခင်-ရွာသစ်ကျေးရွာတို့ကို ဆက်သွယ်ထား သော လမ်းပိုင်းတွင် အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီး၍ ချောင်းခွ၊ ဖိုးချမ်းကုန်း၊ ကြို့ပင်သာ၊ သပြေကုန်း၊ သဲကော၊ တောင်နီကုန်းကျေးရွာများမှ ဒေသခံ ပြည်သူများ ရာသီမရွေးအဆင်ပြေစွာသွားလာနိုင်ပြီ ဖြစ်သည်။
ကိုလွင်(ဆွာ)