ရေတာရှည်မြို့နယ်၌ စက်သုံးဆီစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ​စေရန် ကွင်းဆင်းဆောင်ရွက်

 

ရေတာရှည်   စက်တင်ဘာ   ၂၅


ပဲခူးတိုင်း​ဒေသကြီး ရေတာရှည်မြို့နယ်အတွင်း စက်သုံးဆီစျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိ​စေ​ရေးအတွက်  တောင်ငူခရိုင်  စာသုံးသူ​ရေးရာ ဦးစီးဌာနနှင့် ရေတာရှည်မြို့နယ် စျေးကွက် စောင့်ကြည့်စစ်​ဆေး       ကြပ်မတ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စက်တင်ဘာ ၂၄  ရက်​က ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်ကြသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ    ပထမ အကြိမ် နိုင်ငံခြားသုံး​ငွေ ဒေါ်လာငါးသန်းဖြင့် ဝယ်ယူတင်သွင်းပြီး  ပြန်လည်ရောင်းချ​ပေး သည့် ဆီဆိုင်များအနက် ရေတာရှည်မြို့နယ် အတွင်း  ပြန်လည်​ရောင်းချ​မည့်   စက်သုံးဆီ အရောင်းဆိုင်တွင်  ခွင့်ပြုစျေးနှုန်းနှင့် အမှန် တကယ်ရောင်းချသည့်စျေးနှုန်း ကွာဟမှုမရှိ​စေ​ရေးအတွက် ကွင်းဆင်းစိစစ် ညှိနှိုင်းဆောင် ရွက်ခြင်းဖြစ်​ကြောင်း   စားသုံးသူရေးရာဦးစီး ဌာနမှ သိရသည်။                            

အေးဆု