ရေတာရှည်မြို့နယ်လုံးဆိုင်ရာ အာစရိယ ထေရဂုဏပူဇာမင်္ဂလာနှင့် သြဝါဒခံယူပူဇော်ပွဲကျင်းပ

 

ရေတာရှည်  ဒီဇင်ဘာ  ၂၄


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်လုံး ဆိုင်ရာ အာစရိယထေရဂုဏပူဇာမင်္ဂလာနှင့် သြဝါဒခံယူပူဇော်ပွဲ  အခမ်းအနားကို   ယနေ့ နံနက်ပိုင်းက   ရေတာရှည်မြို့  အမှတ်  (၁)  ရပ်ကွက်  မြို့ဦးပရိယတ္တိ စာသင်တိုက်ဓမ္မာရုံ၌ ကျင်းပသည်။ 

 


မင်္ဂလာအချိန်တွင် သက်တော် ဝါတော် ကြီး ဆရာတော်   ၁၇   ပါးအား  အပူဇော်ခံ ယူမည့်      ဓမ္မာရုံသို့    ပင့်ဆောင်ခဲ့ကြပြီး ကြွရောက်လာကြသော    သံဃာတော်များ၊ အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ၍   အခမ်းအနားကို   စတင်ဖွင့်လှစ်သည်။ အခမ်းအနားတွင် မြို့ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တပညာဇောတက အပူဇော်ခံ ဆရာတော်ကြီးများအား ပူဇော်ခွင့် ပေးပါရန် လျှောက်ထား၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဥက္ကာသန်းက သာသနာ ရေးရာများ လျှောက်ထားသည်။ ဆက်လက် ၍    အပူဇော်ခံ   ဆရာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူ ရှင်များက အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 


ထို့နောက် သက်တော် ၈၉ နှစ်ရှိ လုံးရမ်း ကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသက ဆုံးမသြဝါဒတရား မြွက်ကြားမှုကို စုပေါင်း နာယူကြောင်း သိရသည်။ 


ကိုလွင်(ဆွာ)