ရေတာရှည်မြို့နယ် ဥယျာဉ်မှူးကျေးရွာအနောက်ဘက် လယ်တဲနေသူ သုံးဦး သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံး

 

ရေတာရှည်   အောက်တိုဘာ   ၂၀


ပဲခူးတိုင်းဒေသကြီး  ရေတာရှည်မြို့နယ်  သိုင်းဝကျေးရွာအုပ်စု ဥယျာဉ် မှူးကျေးရွာ  အနောက်ဘက် တစ်မိုင်ခန့်အကွာ  လယ်ထဲတဲ၌ နေထိုင် သည့်  အမျိုးသားတစ်ဦး၊    ၎င်း၏ဇနီးသည်နှင့်    မြေးဖြစ်သော    မိန်းကလေးငယ်တို့ သုံးဦးမှာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီခွဲ ခန့်က    မျက်နှာအဝတ်စည်းထားသူတစ်ဦးက သေနတ်ဖြင့်  ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး    အမျိုးသမီးနှင့်  ကလေးငယ်တို့နှစ်ဦးမှာ နေရာ၌ သေဆုံး၍ အမျိုးသားမှာ ရေတာရှည် ပြည်သူ့ဆေးရုံအရောက် သေဆုံး သွားခဲ့သည်။ 

 


သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း  သတင်းအရ   ဆွာနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များက သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ အခင်းဖြစ်တဲပေါ်တွင် ဒေါ်သက်သက်ခိုင် (၅၀နှစ်)  ကျောင်းအုပ်  ကျွန်းတောစုရွာ  (အ.လ.က ခွဲ) သည်    သေနတ် ဒဏ်ရာဖြင့် လည်းကောင်း၊   မြေးတော်သူ   မအိမ့်ကဗျာသည်  သေနတ် ဒဏ်ရာဖြင့် လည်းကောင်း သေဆုံးလျက်တွေ့ရှိရကာ ခင်ပွန်း ကိုခင် မောင်ဦး (၅၀ နှစ်)မှာ  သေနတ်ဒဏ်ရာရရှိ ၍ ရေတာရှည်ပြည်သူ့ဆေးရုံ သို့   ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 


အခင်းဖြစ်နေရာမှ   ပွိုင့်တူးတူး    ကျည်ခွံတစ်ခု၊    ကျည်ဖောက် ဝင်ထားသော    ဆန်အိတ်အတွင်းမှ     ခဲကျည်ဖူးနှစ်ခုတို့ကို       တွေ့ရှိ ရပြီး  ဆွာနယ်မြေရဲစခန်းမှ   အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း   သိရ သည်။        


သန်းလွင်(ဆွာ)