
ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံရှိ ရေချို/ ရေငန်ရေပြင်များတွင် ငါး/ပုစွန်မျိုးများ မပြုန်းတီးစေဘဲ ငါး/ပုစွန်အထွက်တိုးစေရန်၊ မျိုးကောင်းမျိုးသန့်များ ရေရှည် တည်တံ့တိုးပွားလာစေရန်နှင့် ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ရေသတ္တဝါများ၏ မိတ်လိုက်၊ မျိုးပွားရာသီချိန်ကာလတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူ၊ စုဆောင်းခြင်းမပြုကြရန် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များဖြင့် တားမြစ် ထားပြီးဖြစ်ပါသဖြင့် အောက်ပါရေသတ္တဝါ(အရှင်)များအား သတ်မှတ်ကာလအတွင်း ဖမ်းဆီး၊ စုဆောင်း၊ ရောင်းဝယ်၊ တင်ပို့ခြင်းမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ် ပါသည်။
á ကျောက်ပုစွန်၊ကင်းပုစွန်၊ - ဇွန်လ(၁)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ
ငါးလင်ပန်း
á ကျောက်ငါး - ဇူလိုင်လ(၁)ရက်နေ့မှ စက်တင်ဘာလ(၃၀)
ရက်နေ့အထိ
á ရေချိုငါးအားလုံး - မေလ(၁)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ
á ရေငန်ပုစွန် - ဇွန်လ(၁)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန