
နေပြည်တော် ဇန်နဝါရီ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၂၂-၁-၂၀၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ ၅၄၊ အမှတ် ၄ ၌ ဆင်ခြင်ဉာဏ် မရှိဘဲဆောင်ရွက်သော အမှုကိစ္စများတွင် ဒုက္ခများ နှင့် ကြုံရတတ်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ဆင်ခြင်ဉာဏ်” မျက်နှာဖုံးကာတွန်းယဉ်ကျေးမှု အလွှမ်းမိုးဆုံး နိုင်ငံနှစ်နိုင်ငံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့်“ယဉ်ကျေးမှု အလွှမ်းမိုးဆုံး ကမ္ဘာ့နှစ်နိုင်ငံ” သုတဆောင်းပါး၊ ကလေးတို့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်း ကဏ္ဍ၊ အချင်းချင်း မတွက်ကတ်တော့ဘဲ ခြံတံခါးပိတ်တော့မည်ဆိုသော ဝေဝေနှင့် ဆွေဆွေတို့ ညီအစ်မနှစ်ယောက်အကြောင်း ရေးဖွဲ့ထားသည့် “မတွက်ကတ်တော့ပါ” နှစ်မျက်နှာကာတွန်း၊ မိမိရိုး ဂုဏ်ကြောင့် ရရှိသော ဆုကြေးငွေကို လက်ခံလိုက် သော မောင်မောင်အကြောင်း ရေးဖွဲ့ထားသည့် “ရိုးဂုဏ်ဘဝထာဝစဉ်လှ” ဝတ္ထုကဏ္ဍ၊ ဖြတ်ထိုး ဉာဏ်ကောင်းသော ဖြိုးရဲအကြောင်း တင်ဆက် ထားသည့် “ဖြိုးရဲ၏ ဖြတ်ထိုးဉာဏ် တစ်မျက်နှာ ကာတွန်း၊ လောကတွင် မည်သည့်အရာမျှ မမြဲ ဆိုသည့်အချက်နှင့် အမြဲစိတ်ရှည် တတ်ရမည်ဟူသော ခံယူချက်ကို ထားတတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ ထားသည့် “ပညာရှိ ကြက်တူရွေး” ပုံပြင်ကဏ္ဍ အပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စကားဝိုင်း ကဏ္ဍနှင့် ကဗျာကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၃၀၀ ဖြင့် စာပေ ဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်