
နေပြည်တော် ဇန်နဝါရီ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၅-၁-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ်၌ စေတနာဖြင့် မိဘ များ၏ ဆိုဆုံးမမှုကို ကောင်းမွန်စွာ လိုက်နာ သင့်ကြောင်း ရေးဖွဲ့ထားသည့် “ကျွမ်းကျင်ရာ” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးတို့အနေဖြင့် မိမိတို့၏ နားလေးများအကြောင်းနှင့် ၎င်းတို့၏ အသုံးဝင်ပုံနှင့် အရေးပါပုံအကြောင်းကို သိရှိနိုင်စေရန် ဗဟုသုတရဖွယ် ရေးဖွဲ့ ထားသည့် “နားအကြောင်း လေ့လာကြမယ်” သုတဆောင်းပါး၊ မိမိ၏ ထင်မြင်ယူဆချက် ဖြင့် လုပ်ကိုင်ရာမှ ဖြစ်ပေါ်လာသော အလွဲများ ကို သတိပြုဆင်ခြင်ဖွယ် တင်ဆက်ထားသည့် “ရွှေဖဲနှင့်လူကုန်ကူးမှု” နှစ်မျက်နှာ ကာတွန်း၊ လိမ္မာပါးနပ်၍ ဉာဏ်ပညာပြည့်ဝသော ပညာရှိ လယ်သမားကြီး အကြောင်းကို ရေးဖွဲ့ထား သည့် “ပညာရှိလယ်သမား” ပုံပြင်၊ အလုပ်လုပ်ရာ၌ ဆင်ခြင်ဉာဏ်မဲ့စွာ မပြုလုပ် သင့်ကြောင်းကို ပညာပေး ရေးဖွဲ့ထားသည့် “တုံတုံ”တစ်မျက်နှာ ကာတွန်း၊ သူတစ်ပါး၏ အသိုက်အမြုံကို မဖျက်ဆီးသင့်ကြောင်းကို တင်ဆက်ထားသည့်“မေမေ့မျက်ရည်”ဝတ္ထု၊ သူ၏ ဦးလေးကို ဒေါသဖြစ်အောင် နောက် ပြောင်လွန်းသော မင်းမင်းအကြောင်းကို ရေးဖွဲ့ ထားသည့် “မင်းမင်း” နှစ်မျက်နှာကာတွန်း၊ မိမိ၏အလှအပကို အထင်ကြီးမိ၍ ဒုက္ခရောက် ရသော သမင်လေးအကြောင်းကို တင်ဆက် ထားသည့် “အလှနိဂုံး” နှစ်မျက်နှာကာတွန်း၊ Noun များအကြောင်းကို လေ့ကျင့်ခန်းများနှင့် တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ် သဒ္ဓါ”အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍပါ၊ ဉာဏ်စမ်း ကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍ စုံလင်စွာ ထွက်ရှိပြီဖြစ်သည်။
သတင်းစဉ်