ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်     ဇူလိုင်    ၁၃


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန   စာပေဗိမာန်ရုံးက   အပတ်စဉ် စနေနေ့တိုင်း   ရွှေသွေးဂျာနယ်ကို  ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။


(၁၅ - ၇ - ၂၀၂၃) ရက်    (စနေနေ့)တွင် ထွက်ရှိမည့်    ရွှေသွေးဂျာနယ်   အတွဲ (၅၅)၊ အမှတ် (၂၈) တွင် မောင်သီလနှင့် မောင်ဝဏ္ဏတို့ သူငယ်ချင်းနှစ်ယောက်၏  မိတ်ဆွေကောင်း ပီသမှုကြောင့်      မျောက်ကြီးယူသွားသော ငွေထုပ်ကို     ပြန်လည်ရရှိလိုက်ပုံအကြောင်း ရေးဖွဲ့ထားသည့် “မိတ်ကောင်းဆွေကောင်း” မျက်နှာဖုံးကာတွန်း၊ မြန်မာတို့၏ သမိုင်းတွင် မေ့မရနိုင်သော အာဇာနည်နေ့  ဖြစ်ပေါ်လာပုံ အကြောင်း    ကလေးတို့   ဗဟုသုတဖြစ်ဖွယ် တင်ပြထားသည့် “အာဇာနည်နေ့ ပေါ်ပေါက် လာပုံ” သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့်    ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊  မေမေက  ကျောင်းမုန့်ဖိုးမပေးသည့် အကြောင်းရင်းကို     နားလည်သဘောပေါက် သွားသော ပုပုအကြောင်း   ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် မေမေကျွေးတာပဲ စားတော့ မယ်” နှစ်မျက်နှာကာတွန်း၊ ရန်သူ၊ မိတ်ဆွေ မခြား အနစ်နာခံခြင်း၊ မေတ္တာထားခြင်းသည် နှစ်ဦးနှစ်ဖက်အတွက်   ကောင်းကျိုးချမ်းသာ များ  တိုးပွားစေနိုင်ကြောင်း   တင်ဆက်ထား သည့် “မေတ္တာစိတ်” ပုံပြင်ကဏ္ဍ၊ စာအုပ်စာပေ များ   ဖတ်ရှုခြင်းဖြင့်   အသိပညာဗဟုသုတ များ တိုးပွားစေကြောင်း သရုပ်ဖော်ထားသည့် “အာတူးရဲ့      စာအုပ်စာပေလူ့မိတ်ဆွေ” တစ်မျက်နှာကာတွန်း၊ မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိရန်အတွက်  အသက်စွန့်သွားခဲ့ရသည့် အာဇာနည် ခေါင်းဆောင်ကြီးများကို သားတို့ သမီးတို့အနေဖြင့်     သတိတရရှိရမည်ဖြစ် ကြောင်း ရေးဖွဲ့ထားသည့် ဆရာမောင်ထည်ဝါ (ပျော်ဘွယ်)၏   “၁၉-ဇူလိုင်”   ကဗျာကဏ္ဍ အပါအဝင်    ဉာဏ်စမ်းကဏ္ဍနှင့်    ရွှေသွေး အင်္ဂလိပ်စကားဝိုင်းကဏ္ဍ        စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။    

သတင်းစဉ်