ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော်   ဇွန်   ၈
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန   စာပေဗိမာန်ရုံးက   အပတ်စဉ် စနေနေ့တိုင်း   ရွှေသွေးဂျာနယ်ကို   ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
၁၀-၆-၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ်   အတွဲ (၅၅) ၊ အမှတ်(၂၃) တွင် မိခင်ကို အလုပ်အကျွေးပြုနေသောသူကို ဓားပြများကပင်   အတုယူပြီး   ပြန်လည်ကူညီ ပေးသည့်အကြောင်း    တင်ဆက်ထားသည့် “သားလိမ္မာ”  မျက်နှာဖုံးကာတွန်း၊ လိမ်လည် ကောက်ကျစ်ခြင်းနှင့်      ပရိယာယ်သုံးခြင်း ကိုမနှစ်သက်ဘဲ ရိုးသားပြီးတိကျမှုကို နှစ်သက် သော အဘိုးအိုနှင့်ကတိမတည်သော လူငယ် လေးအကြောင်း တင်ဆက်ထားသည့် “အကြံ ပိုင်၍    အကြွေးပြန်ရခြင်း”    နှစ်မျက်နှာ  ကာတွန်း၊   ဗဟုသုတစုံလင်သည့်   ရွှေသွေး ဂျာနယ်ကို ကလေးတို့ဖတ်သင့်သည့်အကြောင်း ရေးသားထားသည့်   “ဘုန်းဆင့်-ကလေးတို့ ဖတ်စရာ” တစ်မျက်နှာကာတွန်း၊ ဘုရင်ကြီး သည် ပညာရှိအမတ်ကြီးအား ပညာစမ်းလို၍ အားလုံးဆင်တူနေသော  မြင်းသားအမိအား ခွဲခြားခိုင်းသည့်အကြောင်း     တင်ဆက်ထား သည့်“အမေ”  နှစ်မျက်နှာကာတွန်း၊ မျက်စိ ဆရာဝန်ကြီးမှ သွားဆရာဝန်အဖြစ် ရည်ရွယ် ချက်ပြောင်းသွားသည့်       ဖြိုးရဲအကြောင်း ကို       ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့်  “သွားဆရာဝန်” နှစ်မျက်နှာကာတွန်း၊ ကျောင်း သို့ ကျန်းမာရေးလာစစ်သောအခါ မျက်စိ၏ အရောင်မှာ      အညိုရောင်ဖြစ်နေသည်ကို ပြန်ဖြေလိုက်သည့်      ပေါ်ဝိုင်း၏အဖြေကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “အရင် အတိုင်းပါပဲ” မျက်နှာဝက်ကာတွန်း၊ မိမိဖတ်ရှု ပြီးသော     စာအုပ်များကို    စုဆောင်းကာ စာကြည့်တိုက်သို့  လှူဒါန်းသည့် ကလေးငယ် အကြောင်း ရေးဖွဲ့ထားသည့် “စာအုပ်အလှူ” ကဗျာကဏ္ဍ၊   သုတကဏ္ဍ၊  အင်္ဂလိပ်စာသင် ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိ ပြီဖြစ်ရာ တစ်စောင် ၄၀၀ ကျပ်ဖြင့် စာပေဗိမာန် စာအုပ်အ‌ရောင်းဆိုင်များတွင်     ဝယ်ယူနိုင် ကြောင်း သိရသည်။          သတင်းစဉ်