
နေပြည်တော် ဧပြီ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ဧပြီ ၂၉ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ် (၁၇) တွင် ဖွေးဥသည် သူ့အဖေဇာတိရွာသို့ အလည်လိုက် သွားစဉ် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲ နှင့် တိုက်ဆိုင်၍ ဘုရားဝင်းအတွင်း ဗောဓိ ညောင်ပင်ကို သန့်ရှင်းရေးဝိုင်းကူပေးခြင်း ဖြင့် ကုသိုလ်ယူထားသည့်အကြောင်း တင်ဆက် ထားသော “ကဆုန်ညောင်ရေသွန်းပွဲ” မျက်နှာ ဖုံး လေးမျက်နှာကာတွန်း၊ ကြောက်စရာ အကောင်းဆုံး ရန်သူသည် တိရစ္ဆာန်မဟုတ်ဘဲ ဒေါသစိတ်သာဖြစ်သည်ဆိုသည့် အကြောင်း တင်ဆက်ထားသည့် “ကြောက်စရာအကောင်း ဆုံးရန်သူ” နှစ်မျက်နှာကာတွန်း၊ သူစားသည့် ကြက်ဆီထမင်းဆိုသည်မှာ ထမင်းကို ဆီဆမ်း ပြီး ကြက်သွန်ဖြူနှင့် စားခဲ့သည်ဟု ဟာသ ဖြစ်ဖွယ် ပြောထားသည့်အကြောင်း တင်ဆက် ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်း၊ ငှက်အုပ်စုရန်မှ ကာကွယ်ပေးလိုက်သည့် ဝတ်ရည်စုပ်ငှက်လေး၏ ကျေးဇူးကို ပြန်ဆပ် သည့် ပေါက်ဖတ်လေးအကြောင်း တင်ဆက် ထားသော “သူငယ်ချင်းကောင်း” နှစ်မျက်နှာ ကာတွန်း၊ စက္ကူလှေလေးသည် သူ၏အလှ အပေါ် မာန်တက်ခဲ့သော်လည်း မိုးရေကြောင့် သူ့ဘဝပျက်စီးသွားရသည့် အကြောင်း တင်ဆက်ထားသည့် “မမြဲသောအလှ” နှစ်မျက်နှာကာတွန်း၊ ကဆုန်လတွင် လေညင်း များတိုက်ကာ စကားပန်းများပွင့်ပုံ၊ ရေအိုး ကိုယ်စီ ခေါင်းမှာရွက်ပြီး ညောင်ရေသွန်း လောင်းပုံနှင့် ငါးများလွှတ်ပုံအကြောင်း ရေးဖွဲ့ ထားသည့် “ညောင်ရေသွန်းပွဲတော်” ကဗျာ ကဏ္ဍ၊ ဘုန်းဆင့်သူ ဂစ်တာတီးပြီး သီချင်း ဆိုသည်ကို နားထောင်မည်ဆိုလျှင် ဂွမ်းပါ ဆောင်သွားသင့်ကြောင်း တင်ဆက်ထားသည့် “ဘုန်းဆင့်သူ-အဆိုကျော်” မျက်နှာဝက် ကာတွန်း၊ သုတကဏ္ဍ၊ အင်္ဂလိပ်စာသင်ခန်းစာ ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့် ပုံပြင် ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်