ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၆


ပြန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို    ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


ဒီဇင်ဘာ ၁၈ ရက်(စနေနေ့)တွင်  ထွက်ရှိမည့်  ရွှေသွေးဂျာနယ်တွင် လောဘနည်း၍  သူတစ်ပါး အပေါ်     စိတ်ကောင်းစေတနာထားပါက    မိမိတွင် လည်း ကောင်းမွန်သော အကျိုးရလဒ်များ  ရရှိနိုင်ပုံ ကို တင်ဆက်ထားသည့် “ရွှေကျီးလေးနှင့်   ဖြူဖြူ” မျက်နှာဖုံးကာတွန်း၊ နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သည့်  လင်းပိုင်အကြောင်းကို  တင်ဆက်ထားသည့် “လင်းပိုင်အကြောင်း သိကောင်းစရာ” သုတဆောင်းပါး၊      မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာ၌      ၎င်းနှင့် သက်ဆိုင်သည့်   သဘောသဘာဝများကို  လေ့လာသိရှိထားရမည်ဖြစ်ကြောင်းကို  တင်ဆက်ထားသည့် “သူ့အထာနဲ့သူ”    နှစ်မျက်နှာကာတွန်း၊ မိမိအပေါ်၌   သူတစ်ပါးကကောင်းသည်ဖြစ်စေ၊  မကောင်းသည် ဖြစ်စေ   မိမိက   စိတ်ကောင်းစေတနာထားကာ     ဆောင်ရွက်ပေးသင့်ပုံအကြောင်းကို     တင်ဆက်ထား သည့်     “လူကောင်းတစ်ယောက် ဖြစ်ချင်သူ” ပုံပြင်၊   မိတ်ဆွေကောင်းအချင်းချင်းတစ်ဦးတွင်   ဒုက္ခတွေ့ပါ က    တစ်ဦးက မျှဝေခံစားသင့်ကြောင်းကို ဟာသ ဖြစ်ဖွယ်တင်ဆက်ထားသည့် “ရွှေဖဲ”   တစ်မျက်နှာ ကာတွန်း၊   သူငယ်ချင်းများအနေဖြင့်    မရှိအတူ  ရှိအတူ မျှဝေစားသောက်သင့်ကြောင်းကို   တင်ဆက် ထားသည့်  “နှမြောတဲ့စိတ်   မထားတော့ပါ” ဝတ္ထု၊  မိမိတို့၏  လောဘကြောင့်ဖြစ်စေ၊   လုပ်နည်းကိုင်နည်း ကျွမ်းကျင်မှုမရှိ၍ဖြစ်စေ     မိမိရည်မှန်းထားသည် များကို      မရရှိသည့်အပြင်  ရင်းနှီးစိုက်ထုတ်ထားသမျှပါ     ထပ်မံဆုံးရှုံးမှုများ ကြုံတွေ့နိုင်ကြောင်းကို ကလေး များ သတိပြုဆင်ခြင်နိုင်စေရန် တင်ဆက်ထားသည့်   “ဖွတ်မရ ဓားမဆုံး” စကားပုံ၊  မိမိလိုချင်တာကို    ရအောင်ယူတတ်သော    လင်းသစ်အကြောင်းကို   ဟာသဖြစ်ဖွယ်      တင်ဆက်ထားသည့်  “လင်းသစ်”   နှစ်မျက်နှာကာတွန်း မိမိပတ်ဝန်းကျင်ကို    သန့်ရှင်း အောင်    ဆောင်ရွက်ခြင်းဖြင့်   ရောဂါဘယများ ကင်းရှင်းစေကြောင်းကို    တင်ဆက်ထားသည့်     “ဖိုးလပြည့် ”   နှစ်မျက်နှာကာတွန်း၊ noun များ၏   ပိုင်ဆိုင်မှုများအကြောင်းကို    လေ့ကျင့်ခန်းများနှင့် တကွ တင်ဆက်ထားသည့်   အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊   ဉာဏ်စမ်းနှင့် ကဗျာကဏ္ဍတို့   အပါအဝင်     ကဏ္ဍ စုံလင်စွာ ထွက်ရှိပြီ ဖြစ်သည်။    

 

 သတင်းစဉ်