ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်    ဖေဖော်ဝါရီ    ၂
ပြန်ကြားရေးဝန်ကြီးဌာန       ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန   စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၄ -၂ - ၂ဝ၂၃ ရက်(စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၅) တွင်       ကျောင်းစုံညီပွဲတော်၌     ပညာပေး ကဇာတ်တစ်ပုဒ် တင်ဆက်ရာတွင် ကျောင်းသူ ကျောင်းသားများသည်   မိမိတို့၏   ကျရာ တာဝန်ကို     ကျေပွန်ကြပြီး    မည်သည့် အလုပ်မျိုးကိုမဆို  ပီပီပြင်ပြင်   လုပ်ဆောင် နိုင်သူသည်   အရေးအပါဆုံးသူဖြစ်သည်ကို ကျောင်းအုပ်ဆရာကြီးက   တပည့်များအား ဆုံးမထားသည့်အကြောင်း   တင်ဆက်ထား သည့်  “အလှကိုယ်စီ”  မျက်နှာဖုံးကာတွန်း ဇာတ်လမ်း၊    ယုန်ညီအစ်ကိုနှစ်ယောက်ကို စိတ်ဝမ်းကွဲအောင်   ကုန်းတိုက်စကားပြော သည့် မြေခွေးအကြောင်း တင်ဆက်ထားသည့် “ယုန်ညီအစ်ကို”      နှစ်မျက်နှာကာတွန်း၊ မိတ်ဆွေတစ်ယောက်က မြို့တွင်နေထိုင်သည့် သူ၏ ညီလေးထံသို့ စာရေးပေးရန် မောင်ခက် ၏ အကူအညီတောင်းသည့်အခါ မောင်ခက်၏ အဖြေကို   ဟာသဖြစ်ဖွယ်    တင်ဆက်ထား သည့် “မောင်ခက်နှင့်မိတ်ဆွေ”  တစ်မျက်နှာ ကာတွန်း၊ လူကြီးများမသိအောင် မာလကာပင် ပေါ်သို့   အသီးများတက်ခူးပြီး  အောက်သို့ ပြန်ဆင်းမည့်အချိန်တွင်    ခွေးကိုက်ခံရမည့် အန္တရာယ်နှင့်ကြုံတွေ့ရသော    သားဇော် အကြောင်း တင်ဆက်ထားသည့် “ကြံရခက်” နှစ်မျက်နှာကာတွန်း၊     ဦးအောကိုသူ၏ သူငယ်ချင်းများက ဗီဒီယိုရိုက်ရန်ခေါ်သွားသည် ကို ရန်ပိုင်စိုး၏ သူငယ်ချင်းက အထင်မှားပြီး ပြောသည့်အကြောင်း  တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ တပို့တွဲလ တွင် ရာသီပန်းများ ပွင့်ကြပုံ၊ ရာသီဥတုအခြေ အနေနှင့်   ရာသီပွဲတော်အဖြစ်    ထမနဲများ စုပေါင်း၍  ထိုးကြသည့်အကြောင်း   ရေးဖွဲ့ထား သည့်    “လမြတ်တပို့တွဲ”    ကဗျာကဏ္ဍ၊ ကျောင်းပိတ်ရက်တွင်   ကစားရန်ခေါ်သည့် သူငယ်ချင်းကို       စာအတူတူကျက်ရန်  ပြန်လည်ပြောကြားသည့် ဖိုးတစ်တိုအကြောင်း တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက် ကာတွန်း၊ သုတကဏ္ဍ၊ အင်္ဂလိပ်စာ သင်ခန်း စာကဏ္ဍ၊   ဉာဏ်စမ်းကဏ္ဍ၊  ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိ ပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ်  ၄၀၀ ဖြင့် စာပေဗိမာန်    စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်