
နေပြည်တော် ဇန်နဝါရီ ၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
၇ - ၁ - ၂ဝ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁) တွင် ပညာဆိုသည်မှာ ခွဲခြမ်းသိမြင်နိုင်သောအသိဉာဏ်နှင့် အတတ်ဖြစ်ကြောင်းကို ရေးဖွဲ့ ထားသည့် “ပုပုပါဝင်သည့် ပညာဆိုတာ” မျက်နှာဖုံးကာတွန်း၊ မွေးနေ့ပါတီဖြစ်ပေါ် လာပုံနှင့် မွေးနေ့ကိတ်အကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “မွေးနေ့ ကိတ်ဆိုသည်မှာ.. .” သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် . . . ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသော “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ သူတစ်ပါးအပေါ် အခကြေးငွေယူ၍ ကူညီရာက မိမိတွင် ပါလာ သော ကုန်ပစ္စည်းများကိုပါ ရောင်းပြီး အကြွေး ဆပ်လိုက်ရသော ကုန်သည်အကြောင်း သရုပ်ဖော်ထားသည့် “အလျော်အစား” နှစ်မျက်နှာကာတွန်း၊ နိုင်ငံ့ရင်သွေး ... ရွှေသွေး လူငယ်မောင်မယ်များ၏ အနာဂတ်သည် ပညာရေး တိုးတက်ကောင်းမွန်မှုပေါ်တွင် မူတည်နေပုံကို ကျောင်းသားမိဘအားလုံး သဘောပေါက် နားလည်သွားပုံအကြောင်း တင်ဆက်ထားသည့် “မနက်ဖြန်ရဲ့ အလင်း တစ်စက်” ဝတ္ထုကဏ္ဍ၊ တကယ်ရှိနေသော ပိုက်ဆံကို သူငယ်ချင်းအား ခွဲဝေမပေးနိုင်ဘူး ဆိုသော ရွှေဖဲအကြောင်း သရုပ်ဖော်ထားသည့် “ရွှေဖဲ” တစ်မျက်နှာကာတွန်း၊ မိမိ၏ ... လူကဲခတ်မှန်ပြီး ဉာဏ်ကောင်းမှုကြောင့် သူခိုးဓားပြဘေးက လွတ်မြောက်သွားသော ... မောင်သုတအကြောင်း ရေးဖွဲ့ထားသည့် “ဉာဏ်ကောင်းတဲ့ခရီးသည်” ပုံပြင်ကဏ္ဍ၊ ဓူဝံကြယ်သည် ရွေ့လျားမှုမရှိဘဲ အဘယ် ကြောင့် တစ်နေရာတည်းတွင် တည်ရှိနေသလဲ ဆိုသည့်အကြောင်း ရေးဖွဲ့ထားသည့် ဆရာ မောင်နေခြည်(ပြည်)၏ “ဓူဝံကြယ်” ကဗျာ ကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် ရွှေသွေး အင်္ဂလိပ်သဒ္ဒါကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီ ဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်