
နေပြည်တော် ဒီဇင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၃၁-၁၂-၂၀၂၂ ရက်(စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၅၃) တွင် ကလေးများအနေဖြင့် မိမိ၏လွတ်လပ်မှုအတွက် အခြားသူများကို ထိခိုက်မှုမရှိစေဘဲ ကစားတတ်စေရန်နှင့် လူကြီးမိဘဘိုးဘွားများကို ရိုသေလေးစားရင်းဖြင့် မိမိ၏လွတ်လပ်မှုကို ရယူသင့်ကြောင်း တင်ဆက် ထားသည့် “ လွတ်လပ်ခြင်း၏ အနှစ်သာရ” မျက်နှာဖုံးကာတွန်း၊ မြန်မာနိုင်ငံ၏ လွတ်လပ် ရေးရရှိပုံသမိုင်းအကျဉ်းနှင့် လွတ်လပ်ရေးကို အဓွန့်ရှည်အောင် လက်ဆင့်ကမ်း ထိန်းသိမ်း သင့်ကြောင်းကို ဗဟုသုတရဖွယ် တင်ဆက် ထားသည့် “လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ” သုတဆောင်းပါးကဏ္ဍ၊ သူတစ်ပါးကို ကူညီဆောင်ရွက်ပေးပါက မိမိ၏လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပုံအကြောင်းကို တင်ဆက်ထားသည့် “ဖြိုးရဲ-ကူညီမယ်” နှစ်မျက်နှာကာတွန်း၊ မိခင်မှာ အမှိုက်သိမ်းရသော စည်ပင်ဝန်ထမ်းဖြစ်၍ မိမိကိုယ်တိုင်အမှိုက် လူသားဖြစ်ကာ အခြားအမှိုက်များ မရှိစေချင် သော ကိုထိုက်၏ ဆန္ဒနှင့် ဘဝအကြောင်းကို ရေးဖွဲ့ထားသည့် “အမှိုက်ဖြစ်ချင်သူ” ဝတ္ထုကဏ္ဍ၊ ဈေးမှ ကြက်ဥလတ်လတ်ဆတ်ဆတ်များ ဝယ်လာပုံကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖိုးသား” တစ်မျက်နှာကာတွန်း မိမိတို့၏ အပြု အမူများကြောင့် သူတစ်ပါး၏ စားဝတ်နေရေး ကို ထိခိုက်သွား၍ နောင်တရရှိသွားသော မိန်းကလေးတစ်သိုက်အကြောင်းကို ဗဟုသုတ ရဖွယ် တင်ဆက်ထားသည့် “ သရဲခြောက်သည့် သရက်ပင်” ပုံပြင်ကဏ္ဍ၊ အစားမက်၍ လောဘ ကြီးသည့်စိတ်ကြောင့် အသက်ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည့် ကြွက်ကလေးတစ်ကောင် အကြောင်းကို ရေးဖွဲ့ထားသည့် “အစားမက်သော ကြွက်ကလေး” နှစ်မျက်နှာကာတွန်း၊ ငါးမျှား သွားမည့်ပေါလေးကို သူ့ဦးလေးက ငါးမျှားခြင်း ဖြင့် ရရှိလာသည့် ဆိုးကျိုးများနှင့် ပြောဆိုဆုံးမ သည့်အကြောင်းကို တင်ဆက်ထားသည့် “ငါးမမျှားတော့ပါ” နှစ်မျက်နှာကာတွန်းနှင့် ကလေးလက်ရာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍတို့ အပါအဝင် အင်္ဂလိပ်သဒ္ဒါကဏ္ဍနှင့် ကဗျာဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင် လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ သတင်းစဉ်