ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ  ၂


ပြန်ကြားရေးဝန်ကြီးဌာန      ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန      စာပေဗိမာန်ရုံးက အပတ်စဉ်   စနေနေ့တိုင်း  ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၃-၁၂-၂၀၂၂ရက်(စနေနေ့) တွင်  ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၉) တွင်    ဗျိုင်းတစ်ကောင်သည်     ငါးများကို  တောအုပ်၏အလယ်မှာရှိသော  ရေကန်ကြီးဆီ သို့   ပို့ပေးမည်ဟုဆိုကာ  လှည့်စားနိုင်ခဲ့သော် လည်း ဉာဏ်ပညာနှင့် ပြည့်စုံသည့် ကဏန်း ၏အလှည့်သို့ရောက်သောအခါ    သူ၏အကြံ အစည်   မအောင်မြင်ဘဲ    ရှုံးနိမ့်ရပုံအကြောင်း ကို တင်ဆက်ထားသည့်  “ကောက်ကျစ်ခြင်းရဲ့ နိဂုံး”    မျက်နှာဖုံးကာတွန်း၊     လောကကို  အလှဆင်ထားသော       ပန်းလေးများသည် ကလေးငယ်များဖြစ်ပုံနှင့်   မူးယစ်ဆေးဝါးများ ကို  ရှောင်ကြဉ်ကာ  မိမိ၏ဘဝရည်မှန်းချက် ပန်းတိုင်သို့ရောက်ရှိရန်  ကြိုးစားအားထုတ်သင့် ကြောင်းကို   ဗဟုသုတဖြစ်ဖွယ်  ရေးသားထား သည့် “သားတို့၊ သမီးတို့ရဲ့အလှ” သုတကဏ္ဍ၊ မိမိမှာ ခွန်အားကြီးမားသည်ဆိုပြီး မာန်တက် နေသော  ဆင်ကြီးဟာ မုဆိုး၏ ဖမ်းဆီးခြင်းခံရ ကာ သစ်တုံးများကို  သယ်ပေးနေရခြင်းကြောင့် အခြားတိရစ္ဆာန်များက   လူတို့ကိုလျှော့တွက်၍ မရသည့်အကြောင်း    တင်ဆက်ထားသည့် “လူဆိုသည်မှာ”        နှစ်မျက်နှာကာတွန်း၊  စကားပြောဆိုရာတွင်     မြန်မာစကားပုံများကို သင့်လျော်သလို  ထည့်သွင်းပြောဆိုထားသည့် အကြောင်း တင်ဆက်ထားသည့် “ကီးကီနှင့် စကားပုံများ” နှစ်မျက်နှာကာတွန်း၊  နတ်တော် လတွင်    စာဆိုတော်နေ့ကျင်းပပုံ၊   ရာသီပန်း ဖြစ်သည့်     သဇင်ပန်းများ     ပွင့်လန်းပုံနှင့် မုန့်ဆမ်းကို    အုန်းသီးဖြူး၍   စားချင်စဖွယ် ပြုလုပ်ပုံတို့အကြောင်းကို  ရေးသားထားသည့် “နတ်တော်လ” ကဗျာကဏ္ဍ၊ အလှူမှ  ပြန်လာ သော ဖိုးတစ်တိုကို အဝတ်အစားကောင်းများ ဝတ်ထားသည်ဟု   သူငယ်ချင်းက   ပြောသော အခါ  ဦးလေးဖြစ်သူ  စင်ကာပူမှ  ပို့ပေးလိုက် သည့် အဝတ်ဖြစ်ကြောင်း ကြွားပြောလိုက်ပုံကို တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက် ကာတွန်း၊       အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊  ဝတ္ထုကဏ္ဍနှင့်   ပုံပြင်ကဏ္ဍ အပါအဝင်   ကဏ္ဍစုံလင်စွာ   ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင်      ဝယ်ယူနိုင် ကြောင်း သိရသည်။


သတင်းစဉ်