ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော် နိုဝင်ဘာ ၂၄


ပြန်ကြားရေးဝန်ကြီးဌာန      ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန   စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း  ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၂၆-၁၁-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ်(၄၈) တွင် မျောက်နီတာ၏ ပညာဉာဏ်ရှိမှုကြောင့် အသက်ဘေးက    လွတ်မြောက်သွားသော ရွှေယုန်အကြောင်း ရေးဖွဲ့ထားသည့် “ရွှေယုန်နဲ့ အိပ်မက်”  မျက်နှာဖုံးကာတွန်း၊  ဂျပန်ရိုးရာ အားကစားနည်းတစ်ခုဖြစ်သည့် ဆူမိုနပန်းပွဲ အကြောင်း  ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထား သည့် “ဂျပန်ရဲ့  ကြီးကျယ်ခမ်းနားတဲ့   ဆူမို နပန်းပွဲ” သုတဆောင်းပါး၊ ကျေးဇူးရှင် သခင် များအပေါ်   အလိုက်သိတတ်ပြီး   ကျေးဇူး သိတတ်သော ခွေးလေးအောင်နက်၏ သနား စဖွယ်အဖြစ်ကို ရေးဖွဲ့ထားသည့် “ကျေးဇူး သိသော အောင်နက်လေး”နှစ်မျက်နှာကာတွန်း၊ မိဘများ၏ အလိုလိုက်ခြင်းကို ခံရသော်လည်း အလိုက်မသိတတ်သော ကျောင်းသူလေး မိစု သည် နောက်ဆုံးတွင် မိဘများအပေါ် အမြင် မှန်ရလာပုံအကြောင်း တင်ဆက်ထားသည့် “မိသားစုသံယောဇဉ်”ဝတ္ထုကဏ္ဍ၊ သစ်သီးဆိုင် က သစ်သီးကို ပိုင်ရှင်မသိအောင် ယူပြေးရာက ဒုက္ခရောက်ရသော  လူငယ်လေးတစ်ယောက် အကြောင်း    သရုပ်ဖော်ထားသည့်  “အကြံ” တစ်မျက်နှာကာတွန်း၊ လူတစ်စု၏ မတော် လောဘစိတ်ကြောင့် တစ်ရွာလုံး ဆင်းရဲသွားရ ပုံအကြောင်း ရေးဖွဲ့ထားသည့် “ဂျုံစက်ပိုင်ရှင် အဘိုးကြီး” ပုံပြင်ကဏ္ဍ၊ သားသား၊ မီးမီးတို့ သည် ကိုယ်ကျင့်သီလငါးပါးကို စောင့်ထိန်းခြင်း ဖြင့် မြင့်မြတ်သူများဖြစ်အောင် ကြိုးစားသင့် ကြောင်း ရေးဖွဲ့ထားသည့် ဆရာအောင်ဇော်ဦး (ကြို့ပင်ကောက်)၏    “ငါးပါးသီလ”  ကဗျာ ကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် အင်္ဂလိပ် စကားဝိုင်းကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင်     ဝယ်ယူနိုင် ကြောင်း သိရသည်။


သတင်းစဉ်