
နေပြည်တော် အောက်တိုဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
အောက်တိုဘာ ၂၉ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ(၅၄)၊ အမှတ် (၄၄)တွင် မျောက်တို့၏ သဘာဝအရ တောထဲ တွင် ပြေးလွှားဆော့ကစားသည်ဆိုသော်လည်း အခြားသတ္တဝါများအတွက် အနှောင့်အယှက် ဖြစ်ရပုံကို အတုယူရှောင်ရှားနိုင်ရန် တင်ဆက် ထားသည့် “ပြေးနေရတဲ့ မျောက်ဖိုးစိန်” မျက်နှာဖုံးကာတွန်း၊ ကန်စွန်းဥ၏ လူသားတို့ အပေါ် အကျိုးပြုပုံအကြောင်းကို ဗဟုသုတရ ဖွယ် တင်ဆက်ထားသည့် “ကန်စွန်းဥမှ ရရှိနိုင် သည့် အာဟာရနှင့် ဆေးဖက်ဝင် အကျိုး ကျေးဇူးများ” သုတဆောင်းပါးကဏ္ဍ၊ ကလေး တို့ပေးပို့သော ကာတွန်းလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ”ကဏ္ဍ၊ ကလေးသဘာဝ ကစားတတ် သော်လည်း သူတို့၏ ကူညီတတ်သောစိတ် ကြောင့် ဦးစော၏ခြံထဲတွင် အန္တရာယ် ကင်းကင်းဖြင့် ကစားခွင့်ရသွားသော နိုးတူးတို့ သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “နိုးတူးနှင့်ဦးစော” နှစ်မျက်နှာကာတွန်း၊ ကလေးများအနေဖြင့် မိမိတို့၏ အသုံးအဆောင် ပစ္စည်းများကို စည်းကမ်းရှိရှိဖြင့် ရိုရိုသေသေ သုံးစွဲတတ်စေရန်နှင့် မိမိတို့သုံးစွဲနေသော ပစ္စည်းများ ပျောက်ဆုံးသွား၍ အသစ်ဝယ်ယူ ရပါက မိဘများ၏ ငွေကြေးများ ဆုံးရှုံးရပုံ အကြောင်းကို တင်ဆက်ထားသည့် “ပစ္စည်း တန်ဖိုး” ဝတ္ထုကဏ္ဍ၊ ခင်ခင်ပြူးနှင့် သူ၏အချစ် တော် ခွေးလေးတို့၏ အပြန်အလှန်နားလည်ပုံ ကို ရုပ်ပုံကြည့်ခြင်းအားဖြင့် စိတ်ကူးဖြင့် သိနိုင် ရန် ရေးဆွဲထားသည့် “ဂန္ထဝင်ခင်ခင်ပြူးနှင့် သူ့အချစ်တော်ခွေးလေး” တစ်မျက်နှာ ကာတွန်း၊ မိမိအပေါ် သူငယ်ချင်းကောင်းပီသ သော ကြွက်လေးငနီကို မနာလိုဝန်တိုစိတ်ဖြင့် အကောက်ကြံခဲ့သော လင်းနို့ညိုနက်၏အဖြစ် ကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “လင်းနို့တွေ ဘာကြောင့် ညအချိန်မှာ အစာရှာ ထွက်ရသလဲ” ပုံပြင်ကဏ္ဍ၊ မိဘဆရာသမား များ၏ ဆိုဆုံးမမှုကို လက်ခံနိုင်သော်လည်း မိဘဆရာသမားများ၏ စကားကို မလိုက်နာ သောသူအဖြစ် သတ်မှတ်ခံရမှာကို ကြောက်ရွံ့ သော ဖြိုးရဲအကြောင်းကို ရေးဖွဲ့ထားသည့် “ဖြိုးရဲ- ကြောက်တယ်” နှစ်မျက်နှာကာတွန်း၊ တန်ဆောင်တိုင်ပွဲတော်ကို ပျော်ပျော်ပါးပါး ကျင်းပနိုင်ရန် ကျောင်းပိတ်ရက်တွင် မိမိတို့ တတ်နိုင်သမျှ လုပ်အားပေးမည့် ဆုရတီအောင် တို့ သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထား သည့် “ဆုရတီအောင်- မြိုင်မြိုင်ဆိုင်ဆိုင်” နှစ်မျက်နှာကာတွန်း၊ ရာသီဥတုနှင့်ပတ်သက်၍ မှတ်သားဖွယ် စကားပြောများနှင့် တင်ဆက် ထားသည့် ဆရာ KML ၏ "English Daily Conversation" ရွှေသွေးစကားဝိုင်းကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်း ဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်